မီးမီးလေးရဲ့ဖိနပ်လေး
ကလေးတို့လည်း မီးမီးလေးရဲ့ဖိနပ်လေးအတိုင်း အခြေအနေ နဲ့ အချိန်အခါကို လိုက်ပြီး ပြောင်းလဲနေထိုင်ရမည်၊ အားငယ်သူကိုအားပေးကူညီရမည်ဟူ၍ ပညာပေးထားသောပုံပြင်လေးဖြစ်ပါတယ်။
ဝါးခမောက်လေးနဲ့မောင်ဒီးကူ
ကယားကောက်ညှင်းထုပ်လေးမောင်ဒီးကူလေးတစ်ယောက် ရွာသားတွေကို အကူအညီပေးဖို့အခက်တွေ့နေချိန် ဝါးခမောက်လေးရဲ့ အကူအညီနဲ့ ကူညီပေးနိုင်ခဲ့ပုံ နှင့် ဒီကူးကောက်ညှင်းထုပ်ပွဲတော်အကြောင်း သိကောင်းစရာကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်။
တိမ်ပေါ်ကရွာ
တိမ်ပေါ်ကရွာဇာတ်လမ်းလေးထဲမှာ ဇာတ်ကောင်လေးဖြစ်တဲ့ဖိုးလိမ္မော်လေးဟာ ရပ်ရွာလေးအတွက် သူငယ်ချင်းတွေနဲ့အတူစုပေါင်းလုပ်ဆောင်နိုင်လိုက်သောကြောင့် အောင်မြင်မှုတစ်ခုရရှိသွားပုံကိုတွေ့မြင်ရမည်ဖြစ်ပါသည်။
အပ်မအပ်ချည်နှင့်ညီနောင်ငါးဖော်
ဒီဇာတ်လမ်းထဲမှာ အင်္ကျီပြဲလေးကိုပြန်ကောင်းအောင်ပြုပြင်ဖို့အတွက် အပ်နှင့်အပ်ချည်အပြင် ပုံသဏ္ဠန်မတူတဲ့ လက်ချောင်းလေးတို့ရဲ့ စုပေါင်းအင်အားကိုတွေ့မြင်ရမှာဖြစ်ပါတယ်။
မီးစုပျော်သွားပြီ
အရင်က စာချည်းပဲလုပ်ရသောမီးစုလေးတစ်ယောက် သူ့အချိန်နှင့်သူ ကစားချိန်ကစား စာကျက်ချိန်စာကျက် သတ်မှတ်လိုက်သောအခါ ပျော်ရွှင်ကျန်းမာသောမီးစုလေးအဖြစ်သို့ပြောင်းလဲသွားပုံကိုတွေ့မြင်ရမှာဖြစ်ပါတယ်။
အိုအေစစ်လေး
ရေအိုးလေး၊ရေအိုးအဖုံးလေးနဲ့ ရေခွက်လေးတို့ ရဲ့ စုပေါင်းအင်အားရှိမှ သန့်ရှင်းသောရေကိုသောက်သုံးလို့ရမည်ဖြစ်ကြောင်းပညာပေးထားသော ပုံပြင်လေးဖြစ်ပါသည်။
အိမ်
မိမိ နေရာဒေသမဟုတ်ဘဲ လျောက်သွားမိသော ခရုငယ်လေးအကြောင်းကို ပြောပြထားပါတယ်၊ ကလေးတို့လည်းလူကြီးမပါပဲ ဝေးဝေးလံလံ မသွားရန် ပြန်ပေးဆွဲခံရခြင်းမဖြစ်စေရန်။
တန်းတူညီတူ
တန်းတူညီတူဇာတ်လမ်းထဲမှာ သင်္ချာတော်တဲ့ မယ်ငြိမ်းချမ်းလေး ကို ကျူရှင်မတတ်နိုင်သော်လည်း တန်းတူအခွင့်အရေး ပေးရမည်ကို ပြောပြထားပါတယ်။
ကူညီတတ်တဲ့နဂါးလေးများ
ကူညီတတ်တဲ့နဂါးလေးကောင်ဟာ မိုးခေါင်ပြီးဒုက္ခရောက်နေတဲ့ရွာလေးကို သစ်ပင်တွေများများစိုက်ပျိုးခြင်းအားဖြင့် သောက်သုံးရေရှားပါးခြင်းနဲ့ မိုးခေါင်ခြင်းဒဏ်မှ ကယ်တင်လိုက်ပုံကိုဖော်ပြထားပါတယ်။
တံမြက်စည်းလေးတာဝန်ကျေ
ညစ်ပတ်တဲ့နေရာကို သန့်ရှင်းရေးမလုပ်ချင်တဲ့ တံမြက်စည်းလေး သဘောကောင်းတဲ့ဖိုးဖိုးနဲ့တွေ့သွားသောအခါ ကိုယ့်တာဝန်ကိုယ်ကျေပြီးတန်ဖိုးရှိတဲ့ တံမြက်စည်းလေးဖြစ်သွားပုံကိုတွေ့မြင်ရမှာဖြစ်ပါတယ်။
ဝါးပင်ငယ်ငယ်ချစ်စဖွယ်
အရာရာတိုင်းမှာတန်ဖိုးကိုယ်စီရှိကြောင်းကိုပြောပြထားသောဗီဒီယိုဖြစ်ပါသည်။
ခေါင်းအုံးကလေးမောင်ပုလုံး
ကိုယ်ရောက်ရှိတဲ့နေရာမှာအကောင်းဆုံးနေထိုင်ပြီးမိမိပတ်ဝန်းကျင်ရှိအရာများကိုပျော်ရွှင်အောင်ထားရမယ်ဆိုတာကိုဖော်ပြထားတဲ့ဗီဒီယိုလေးဖြစ်ပါတယ်။