တိမ်ပေါ်ကရွာ
တိမ်ပေါ်ကရွာဇာတ်လမ်းလေးထဲမှာ ဇာတ်ကောင်လေးဖြစ်တဲ့ဖိုးလိမ္မော်လေးဟာ ရပ်ရွာလေးအတွက် သူငယ်ချင်းတွေနဲ့အတူစုပေါင်းလုပ်ဆောင်နိုင်လိုက်သောကြောင့် အောင်မြင်မှုတစ်ခုရရှိသွားပုံကိုတွေ့မြင်ရမည်ဖြစ်ပါသည်။
အပ်မအပ်ချည်နှင့်ညီနောင်ငါးဖော်
ဒီဇာတ်လမ်းထဲမှာ အင်္ကျီပြဲလေးကိုပြန်ကောင်းအောင်ပြုပြင်ဖို့အတွက် အပ်နှင့်အပ်ချည်အပြင် ပုံသဏ္ဠန်မတူတဲ့ လက်ချောင်းလေးတို့ရဲ့ စုပေါင်းအင်အားကိုတွေ့မြင်ရမှာဖြစ်ပါတယ်။
မီးစုပျော်သွားပြီ
အရင်က စာချည်းပဲလုပ်ရသောမီးစုလေးတစ်ယောက် သူ့အချိန်နှင့်သူ ကစားချိန်ကစား စာကျက်ချိန်စာကျက် သတ်မှတ်လိုက်သောအခါ ပျော်ရွှင်ကျန်းမာသောမီးစုလေးအဖြစ်သို့ပြောင်းလဲသွားပုံကိုတွေ့မြင်ရမှာဖြစ်ပါတယ်။
အိမ်
မိမိ နေရာဒေသမဟုတ်ဘဲ လျောက်သွားမိသော ခရုငယ်လေးအကြောင်းကို ပြောပြထားပါတယ်၊ ကလေးတို့လည်းလူကြီးမပါပဲ ဝေးဝေးလံလံ မသွားရန် ပြန်ပေးဆွဲခံရခြင်းမဖြစ်စေရန်။
ကူညီတတ်တဲ့နဂါးလေးများ
ကူညီတတ်တဲ့နဂါးလေးကောင်ဟာ မိုးခေါင်ပြီးဒုက္ခရောက်နေတဲ့ရွာလေးကို သစ်ပင်တွေများများစိုက်ပျိုးခြင်းအားဖြင့် သောက်သုံးရေရှားပါးခြင်းနဲ့ မိုးခေါင်ခြင်းဒဏ်မှ ကယ်တင်လိုက်ပုံကိုဖော်ပြထားပါတယ်။
ဝါးပင်ငယ်ငယ်ချစ်စဖွယ်
အရာရာတိုင်းမှာတန်ဖိုးကိုယ်စီရှိကြောင်းကိုပြောပြထားသောဗီဒီယိုဖြစ်ပါသည်။
ပြင်ပရုပ်သွင်
ပြင်ပရုပ်ရည်ဆိုတာထက်စိတ်ကောင်းရှိဖို့က ပိုအရေးကြီးပါတယ်ဆိုတဲ့ ဗီဒီယိုလေးဖြစ်ပါတယ်
ပြင်ပရုပ်သွင်
ပြင်ပရုပ်ရည်ဆိုတာထက်စိတ်ကောင်းရှိဖို့က ပိုအရေးကြီးပါတယ်ဆိုတဲ့ ဗီဒီယိုလေးဖြစ်ပါတယ်
လှစေတဲ့အရာ
ဘယ်အရာမဆိုသူ့တန်ဖိုးနဲ့သူရှိကြပါတယ်ဆိုတာကိုဖော်ပြထားတဲ့ ဗီဒီယိုလေးပဲဖြစ်ပါတယ်
လှစေတဲ့အရာ
ဘယ်အရာမဆိုသူ့တန်ဖိုးနဲ့သူရှိကြပါတယ်ဆိုတာကိုဖော်ပြထားတဲ့ ဗီဒီယိုလေးပဲဖြစ်ပါတယ်
အမာရွတ်တစ်ခုရဲ့အလှတရား
ပြင်ပရုပ်ရည်ထက်စိတ်အလှတရားကိုရှာဖွေတတ်ရမယ်မိဘမေတ္တာကိုလည်းနားလည်သဘောပေါက်ပြီးတန်ဖိုးထားတတ်ကြရမယ်ဆိုတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်