ထီးကလေးမောင်မဲတူ
အသားအရောင် မခွဲခြားဘဲ တန်းတူညီတူ ဆက်ဆံတတ်ရန် မောင်မဲတူလေးက သာဓကပြထားသောပုံပြင်လေးဖြစ်ပါသည်။
တန်းတူညီတူ
တန်းတူညီတူဇာတ်လမ်းထဲမှာ သင်္ချာတော်တဲ့ မယ်ငြိမ်းချမ်းလေး ကို ကျူရှင်မတတ်နိုင်သော်လည်း တန်းတူအခွင့်အရေး ပေးရမည်ကို ပြောပြထားပါတယ်။
တံမြက်စည်းလေးတာဝန်ကျေ
ညစ်ပတ်တဲ့နေရာကို သန့်ရှင်းရေးမလုပ်ချင်တဲ့ တံမြက်စည်းလေး သဘောကောင်းတဲ့ဖိုးဖိုးနဲ့တွေ့သွားသောအခါ ကိုယ့်တာဝန်ကိုယ်ကျေပြီးတန်ဖိုးရှိတဲ့ တံမြက်စည်းလေးဖြစ်သွားပုံကိုတွေ့မြင်ရမှာဖြစ်ပါတယ်။
ခေါင်းအုံးကလေးမောင်ပုလုံး
ကိုယ်ရောက်ရှိတဲ့နေရာမှာအကောင်းဆုံးနေထိုင်ပြီးမိမိပတ်ဝန်းကျင်ရှိအရာများကိုပျော်ရွှင်အောင်ထားရမယ်ဆိုတာကိုဖော်ပြထားတဲ့ဗီဒီယိုလေးဖြစ်ပါတယ်။
ပျော်စရာခရီးစဉ်
ပျော်စရာခရီးစဉ်ပုံပြင်တွင် သေင်္ဘာကလေးမောင်ကျောက်ဖြူနှင့် မမစင်ယော်ဌက်လေးတို့က ကလေးများကို လူဆိုးကြီးရန်မှ ကယ်တင်လိုက်နိုင်ပုံကို ပြောပြထားပါသည်။ ကလေးများကို လူကုန်ကူးမှုခံရခြင်းမ ဖြစ်စေရန် ပညာပေးထားသောပုံပြင်လေးတစ်ပုဒ်ဖြစ်ပါသည်။
တောင်ဇလပ်ပုံပြင်
ဤ ပုံပြင်တွင် စက်ရုံကြီးမှထွက်သော အညစ်အကြေးများကို စနစ်တကျ မစွန့်ပစ်တဲ့အတွက်ကြောင့် ပတ်ဝန်းကျင်တွင်လေထုညစ်ညမ်းလာပုံရေးသားဖော်ပြထားပါသည်။
မှော်မင်းသမီးနှင့်သကြားတိုင်းပြည်
မှော်မင်းသမီးနှင့်သကြားတိုင်းပြည်ဆိုတဲ့ဇာတ်လမ်းမှာ ကလေးတွေကို အချိုအရမ်းမစားဖို့ သွားကျန်းမာရေး ပညာပေးထားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။
ကြက်ဥပုံပြင်
ဒီဇာတ်လမ်းထဲတွင် မိဘနှင့်ဝေးနေသော ကြက်ဥလေး ရဲ့ ခံစားချက်ကိုတွေ့မြင်ရမှာဖြစ်ပြီး ကလေးတိုင်းအတွက် လုံခြုံပြီး၊ကူညီတတ်သော ပတ်ဝန်းကျင်နှင့်အသိုင်းအဝိုင်းတွင်နေထိုင်ရန်လိုအပ်ကြောင်းကို ပညာပေးထားပါသည်။
ဝက်ဝံကလေးရဲ့ဝါသနာ
ဖေဖေမေမေတို့အနေနဲ့ သားသားမီးမီးတို့ရဲ့ ဝါသနာကို လျစ်လျူရှုမထားဘဲ အားပေးရမည်ဖြစ်ကြောင်းကိုဖော်ပြထားသောဇာတ်လမ်းလေးဖြစ်ပါသည်။
ကျောင်းတက်ချင်တဲ့ဂျားနီလေး
ကျောင်းတက်ချင်တဲ့ ဂျားနီလေးဆိုတဲ့ ဇာတ်လမ်းမှာ အိမ်အလုပ်တွေသာလုပ်ရပြီး ကျောင်းမနေရတဲ့ ဂျားနီလေး တစ်ယောက်စာတွေကိုဘယ်လိုကြိုးစားသင်ယူကြောင်းကို ပြောပြထားတယ်။