ယခင် မ.ထ.သ ပိုင် YBS ကားများတွင် ဖရီးဝိုင်ဖိုင် သုံးရမည်

ရန်ကုန်၊ ဇွန်လ ၁ဝ ။ ။ ယခင် မ.ထ.သ ပိုင် YUPT ကုမ္ပဏီမှ ဘတ်စ်ကားစီးရေ ၂၄ဝ တွင် ဖရီးဝိုင်ဖိုင်များ ဇူလိုင်လအတွင်း တပ်ဆင်သွားမည်ဖြစ်ပြီး ပစ္စည်းများရောက်ရှိနေပြီး ဖြစ်ကြောင်း ရန်ကုန်မြို့ပြအများပြည်သူသယ်ယူ ပို့ဆောင်ရေး ကုမ္ပဏီ( YUPT) မှ တာ ဝန်ရှိသူတစ်ဦးက ဇွန်လ ၁ဝ ရက်တွင် မဇ္ဈိမသို့ ပြောသည်။ “ ကျွန်တော်တို့ ကုမ္ပဏီကားလိုင်းအားလုံးပေါ့။ ဝါစိမ်းနီကားတွေလည်း အကုန်လုံး Wifi အခမဲ့ တပ်ဖို့ စီစဉ် ဆောင်ရွက်ပြီးပါပြီ။ မကြာခင်တပ်ပါတော့မယ်။ တိုင်းဒေသကြီးအစိုးရကပေးတဲ့ ကားတွေမှာ လည်း တပ်နိုင်ဖို့ အတွက်ကိုလည်း တင်ပြပြီးတော့ ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်ချက်ယူပြီးတော့ ကျွန်တော်တို့ လုပ်ဆောင်ဖို့ ရှိပါ တယ်”ဟု ယင်းတာဝန်ရှိသူက ပြောသည်။ Read more about ယခင် မ.ထ.သ ပိုင် YBS ကားများတွင် ဖရီးဝိုင်ဖိုင် သုံးရမည်[…]

OPPO A57 ကို ဝယ်ယူသင့်တဲ့အချက် ၄ချက်

ကင်မရာ ဖုန်းဝယ်ပြီဆိုတာနဲ့ ရှေ့က အရင်မေးတတ်ကြတာက ကင်မရာ အရည်အသွေး ဘယ်လောက်လဲဆိုတဲ့ မေးခွန်းပါ။ ကင်မရာက Megapixel တစ်ခုတည်း ကြည့်ပြီးခွဲလို့မရတဲ့ အချက်ကိုလည်း နည်းနည်းလောက် ဖြည့်ပြောပါရစေ။ Megapixel ကြီးရင် ပုံကြီး ကြီးရနိုင်ပါတယ်။ ဒါပေမဲ့ နောက်ဆက်တွဲ Sensor အရွယ်အစားသေးပြီး အလင်းဝင်ပေါက် aperture သေးရင်လည်း အလုပ်မဖြစ်ပါဘူး။ ကြီးတာနဲ့ ပုံကဖွာသွားပါမယ်။ OPPO A57 ရဲ့ရှေ့ကင်မရာက 16MP ဖြစ်သလို sensor size ကလည်း 1/3-inch အရွယ်အစားရှိလို့ တော်တော်လေး ကြီးပါတယ်။ အလင်းဝင်ပေါက် aperture က f/2.0 ဆိုတော့ အလင်းပိုရနိုင်လို့ ပိုမိုကြီးမားတဲ့ ပုံအရွယ်အစားနဲ့အတူ ပိုမိုကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်မျိုးကို ရရှိစေမှာ ဖြစ်ပါတယ်။ နောက်ကင်မရာက 13MP Read more about OPPO A57 ကို ဝယ်ယူသင့်တဲ့အချက် ၄ချက်[…]

YBS ၃၇ ယာဉ် ၂ စီးတွင် ဖရီးဝိုင်ဖိုင်စနစ် စမ်းသပ်တပ်ဆင်

ရန်ကုန်၊ဇွန် ၁၀ ။ ။ YBS ၃၇ (ယခင် BRT Lite) ယာဉ်၂ စီးတွင် ဇွန်လ ဂရက်နေ့ကစပြီး ကားတွင်း wifi စနစ် တပ်ဆင်မှုကို စမ်းသပ်ကာလအဖြစ် ဆောင်ရွက်နေကြောင်း သိရသည်။ \”အခုက ကျွန်တော်တို့က စမ်းကြည့်တာပေါ့။ နောက်ထပ်လည်း တပ်ဖို့ရှိတယ်။ CCTVတွေ ဘာတွေလည်း ထပ်တပ်ဖို့ရှိတာပေါ့\” ဟု ရန်ကုန်ဘတ်စ်ကားအများနှင့်သက်ဆိုင်သောကုမ္ပဏီ (YBPC) ဥက္ကဋ္ဌ ဒေါက်တာ မောင်အောင်က မဇ္ဈိမကို ပြောသည်။ လက်ရှိတွင် ထောက်ကြန့်မှ စံပြအထိ ပြေးဆွဲသော YBS ၃၇ ယာဉ်နှစ်စီးတွင် ခရီးသည်များ မြင်သာစေရန် ကားရှေ့မှန်နှင့် အတက်ပေါက်အနီး ဘေးမှန်တွင် \”Free Wifi Service\” စတစ်ကာကို ကပ်ထားကြောင်း သိရသည်။ JICAအဖွဲ့၏ Read more about YBS ၃၇ ယာဉ် ၂ စီးတွင် ဖရီးဝိုင်ဖိုင်စနစ် စမ်းသပ်တပ်ဆင်[…]