Luxury Brand Model 2017 ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မော်ဒယ် ခင်ကိုကို ရွေးချယ်ခံရ

ရန်ကုန် ၊ ဇွန် ၉ ။ ။ တောင်ကိုးရီးယားနိုင်ငံတွင် ဇွန်လ ဂရက်၌ ကျင်းပ ပြုလုပ်ခဲ့သည့် Luxury Brand Model 2017 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြုအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မော်ဒယ် ခင်ကိုကို မှ 1st runner up အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသည်။ Luxury Brand Model 2017 ဆုကို ဗီယက်နမ်နိုင်ငံ မှ Jenny Le Nguyen မှ ဆွတ်ခူး ရရှိခဲ့ပြီး 1st runner up ကို ရုရှားနိုင်ငံမှ အလှမယ် နှင့် မြန်မာနိုင်ငံမှ ခင်ကိုကို တို့က ရရှိခဲ့ပြီး 2nd runner up Read more about Luxury Brand Model 2017 ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မော်ဒယ် ခင်ကိုကို ရွေးချယ်ခံရ[…]

မြန်မာဖူဆယ်လိဂ် ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ကစားသမားဆုရ ပြည့်ဖြိုးမောင်နှင့် တွေ့ဆုံခြင်း

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ဦးဆောင်ကျင်းပခဲ့သည့် ၂၀၁၇ ခုနှစ် MFF Myanmar Futsal League ၏ ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့ပြီး ပြိုင်တစ်လျှောက် အကောင်းဆုံး ကစားသမားဆု ရရှိခဲ့သည့် Pyay United အသင်းခေါင်းဆောင် ပြည့်ဖြိုးမောင်နှင့် တွေ့ဆုံမေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။ Voice ။ ။ အသင်းအနေနဲ့ ချန်ပီယံဆု ရယူနိုင်ခဲ့တဲ့အပြင် ကိုယ်တိုင်လည်း အကောင်းဆုံး ကစားသမားဆု ရရှိခဲ့တယ် ဆိုတော့။ PPM ။ ။ ဟုတ်ကဲ့။ အသင်းကလည်း ပထမဆုံးအကြိမ် အမှတ်ပေး ချန်ပီယံဆု ရယူနိုင်ခဲ့သလို ကျွန်တော်ကိုယ်တိုင်လည်း တစ်ဦးချင်း အကောင်းဆုံး ကစားသမားဆု ရယူနိုင်ခဲ့တယ်ဆိုတော့ တကယ်ကို အတိုင်းမသိ ဝမ်းသာပါတယ်။ အခုလို ရယူနိုင်ခဲ့တာကလည်း အသင်းပိုင်ရှင်၊ နည်းပြနဲ့ အသင်းဖော်တွေ အားလုံးကြိုးစားခဲ့ကြလို့ Read more about မြန်မာဖူဆယ်လိဂ် ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ကစားသမားဆုရ ပြည့်ဖြိုးမောင်နှင့် တွေ့ဆုံခြင်း[…]

အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ် အသင်း စခန်းသွင်းလေ့ကျင့်မည်

မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ် အသင်းတွင် ပဏာမကစားသမား ၃ဝ ဦး ရွေးချယ်ထားပြီး နည်းပြချုပ် အဖြစ် အီရန် နိုင်ငံသား ရီဇာက ဆောင်ရွက်မည်ဖြစ် သည်။ ၂ဝ၁၇ ဖူဆယ်လိဂ်ပြိုင်ပွဲသည် ယမန် နေ့ကပြီးဆုံးခဲ့ရာ ဖူဆယ်လိဂ်ပြိုင်ပွဲပြီးနောက် ကစားသမားများကို တစ်ပတ်ခန့် အနားပေး မည်ဖြစ်ပြီး လက်ရွေးစင်အမျိုးသားဖူဆယ်အသင်းကို ဇွန်လတတိယပတ်အတွင်း စတင် စခန်းသွင်းလေ့ကျင့်ရန် စီစဉ်ထားကြောင်း သိရသည်။ အမျိုးသားဖူဆယ်အသင်းအနေဖြင့် ပြည်ပ နိုင်ငံသို့ သွားရောက်လေ့ကျင့်ရန် စီစဉ်ထားသော်လည်း လက်ရှိတွင် သွားရောက် မည့်နိုင်ငံကို မသတ်မှတ်ရသေးကြောင်း သိရသည်။ ဆီးဂိမ်းပြိုင်ပွဲဝင်မည့် လက်ရွေးစင် အမျိုးသမီးဖူဆယ် အသင်းသည် ဇွန် ၁ ရက်ကစ၍ ကစားသမား ၂၄ ဦးဖြင့် စတင်လေ့ကျင့်နေပြီး ဇူလိုင်လအတွင်း ထိုင်းနိုင်ငံသို့ သွားရောက် လေ့ကျင့်မည်ဖြစ်ကာ ခြေစမ်း Read more about အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ် အသင်း စခန်းသွင်းလေ့ကျင့်မည်[…]

ဆော်ဒီအာရေဗျအသင်း၏ လုပ်ရပ်ကို အကြမ်းဖက်မှု အားပေးသည့် အပြုအမူအဖြစ် ရှီးအိုက်အေမန်ရှေ့ဆောင် ပြင်းပြင်းထန်ထန် ဝေဖန်

ရှီးအိုက်အေမန်ရှေ့ဆောင် ဘာသာရေးဆရာတစ်ဦး ဖြစ်သည့် ရှိတ်ခ်မိုဟာမက် တော်ဟီဒီသည် သြစတြေးလျက ဆော်ဒီအာရေဗျကို သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ အာရှဇုန်ခြေစစ်ပွဲတွင် ပွဲမစတင်မီ၌ လန်ဒန်မြို့အကြမ်းဖက် တိုက်ခိုက်ခံရမှု ဖြစ်စဉ်အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် တစ်မိနစ် ငြိမ်သက်ရပ်တန့်ရာတွင် ပူးပေါင်းပါဝင်ခြင်း မရှိခဲ့သည့် ဆော်ဒီအာရေဗျ ဘောလုံးကစားသမားများ၏ လုပ်ရပ်ကို အကြမ်းဖက်မှု အားပေးသည့် အပြုအမူအဖြစ် ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။ တော်ဟီဒီသည် အစ္စလာမ်တို့၏ ဓလေ့ထုံးတမ်းစဉ်လာများတွင် သေဆုံးသူများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် ငြိမ်သက်ရပ်တန့်ပေးခြင်း မပါဝင်ဟု ဆော်ဒီအာရေဗျ နိုင်ငံသားအချို့က ပြောကြားနေသည့် စကားများမှာလည်း အလိမ်အညာများသာ ဖြစ်ကြောင်းလည်း ရှင်းလင်းသွားခဲ့ပြီး ဆော်ဒီအာရေဗျ ကစားသမားများ၏ လုပ်ရပ်မှာ ဆော်ဒီအာရေဗျ အစိုးရ Read more about ဆော်ဒီအာရေဗျအသင်း၏ လုပ်ရပ်ကို အကြမ်းဖက်မှု အားပေးသည့် အပြုအမူအဖြစ် ရှီးအိုက်အေမန်ရှေ့ဆောင် ပြင်းပြင်းထန်ထန် ဝေဖန်[…]

ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဗင်နီဇွဲလားနှင့် အင်္ဂလန်တို့ တွေ့ဆုံ

ဆိုးလ်၊ ဇွန် ၉ တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပနေသည့် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်အဆင့် ပွဲစဉ်များတွင် ဗင်နီဇွဲလား ယူ-၂၀ အသင်းနှင့် အင်္ဂလန် ယူ-၂၀ အသင်းတို့က ပြိုင်ပွဲများကို အနိုင်ယူ ကျော်ဖြတ်ကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့ကြောင်း Mail Online က ဖော်ပြထားသည်။ ဗင်နီဇွဲလား ယူ-၂၀ အသင်းသည် ဆီမီးဖိုင်နယ်အဆင့်တွင် တောင်အမေရိကပြိုင်ဘက် ဥရုဂွေး ယူ-၂၀ အသင်းနှင့် ယှဉ်ပြိုင်ခဲ့ရခြင်းဖြစ်ကာ ယင်းပွဲစဉ်တွင် ပွဲကစားချိန် မိနစ် ၉၀ အတွင်း တစ်ဖက်နှင့် တစ်ဖက် တစ်ဂိုးစီ သရေကျနေခဲ့သည့်အတွက် ဗင်နီဇွဲလားနှင့် ဥရုဂွေးတို့က အချိန်ပို ဆက်လက်ယှဉ်ပြိုင်လိုက်ရသည်။ ဗင်နီဇွဲလားနှင့် ဥရုဂွေးတို့သည် အချိန်ပိုတွင် တစ်ဖက်နှင့် တစ်ဖက် ဂိုးထပ်မံသွင်းယူနိုင်ခြင်း မရှိခဲ့သည့်အတွက် ဗိုလ်လုပွဲ တက်ရောက်ရန် Read more about ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဗင်နီဇွဲလားနှင့် အင်္ဂလန်တို့ တွေ့ဆုံ[…]

Ballon d’Or ဆု ရရှိလိုသည်ဟု စပါးတိုက်စစ်မှူးဟယ်ရီကိန်း ပြော

ဇွန် ၉၊ လန်ဒန် ။ ။ စပါးတိုက်စစ်မှူးဟယ်ရီကိန်းက စီရော်နယ်ဒို၊ မက်ဆီတို့နှင့် အပြိုင် Ballon d’Or ဆုကို ရရှိရန် ဆန္ဒရှိနေကြောင်း ပြောဆိုလိုက်သည်။ ဟယ်ရီကိန်းသည် ပြီးခဲ့သည့် ၂၀၁၅-၁၆နှင့် ၂၀၁၆-၁၇ ဘောလုံးရာသီများက ပရီးမီးယားလိဂ်တွင် ၂ နှစ်ဆက်တိုက် ရွှေဖိနပ်ဆုကို ရရှိခဲ့သူ ဖြစ်သည်။ ကိန်းက မက်ဆီနှင့် စီရော်နယ်ဒိုကို အားကျကြောင်းနှင့် စပါးအသင်းအတွက် ကစားရင်း ၎င်းတို့ကဲ့သို့ Ballon d’Or ဆု ရလိုကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ကိန်းက \” Ballon d’Or ဆုရရှိဖို့အတွက် ကျွန်တော် တတ်နိုင်သလောက် အစွမ်းကုန် ကြိုးစားသွားမှာပါ။ အဲဒီဆုကို ကျွန်တော် အရမ်းလိုချင်ပါတယ်။ ဒီနှစ်မှာတော့ စီရော်နယ်ဒိုက လာလီဂါနဲ့ ချန်ပီယံလိဂ်တွေ Read more about Ballon d’Or ဆု ရရှိလိုသည်ဟု စပါးတိုက်စစ်မှူးဟယ်ရီကိန်း ပြော[…]

ရှိတ်စပီးယားကို ၃ နှစ်စာချုပ်ဖြင့် အမြဲတမ်းနည်းပြအဖြစ် လက်စတာအသင်း ခန့်အပ်

ဇွန် ၉၊ အင်္ဂလန် ။ ။ လက်စတာအသင်းသည် ရှိတ်စပီးယားကို ၃ နှစ်စာချုပ် ချုပ်ဆိုကာ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်လိုက်ပြီးဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ကြေညာသွားခဲ့သည်။ ရှိတ်စပီးယားသည် ရာနီရေရီ နည်းပြရာထူးမှ ထုတ်ပယ်ခံရပြီးနောက်ပိုင်း လက်စတာအသင်းကို ယခုနှစ်ရာသီကုန်အထိ ယာယီနည်းပြအဖြစ် ကိုင်တွယ်ခဲ့သူ ဖြစ်သည်။ ရာသီကုန်ခါနီး ကစားခဲ့သည့် နောက်ဆုံး ၃ ပွဲတွင် နိုင်ပွဲ မရခဲ့သော်လည်း ပရီးမီးယားလိဂ် ၁၆ ပွဲတွင် ၈ ပွဲအထိ အနိုင်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။ ထို့အပြင် ချန်ပီယံလိဂ်တွင်လည်း လက်စတာအသင်းကို ကွာတားဖိုင်နယ်ရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့သူ ဖြစ်သည်။ \”ဒီလိုအခွင့်အရေးရလို့ ဝမ်းသာပြီး စိတ်လှုပ်ရှားမိပါတယ်။ ဒါဟာ ကျွန်တော့်ဘဝမှာ လမ်းကြောင်းသစ်တစ်ခုလည်း ဖြစ်ပါတယ်။ တကယ်ရင်းနှီးတဲ့လူတွေနဲ့ လက်တွဲလုပ်ခွင့်ရတော့မှာ ဖြစ်လို့ ပျော်ပါတယ်။ ပြီးတော့ ကျွန်တော့်ကို Read more about ရှိတ်စပီးယားကို ၃ နှစ်စာချုပ်ဖြင့် အမြဲတမ်းနည်းပြအဖြစ် လက်စတာအသင်း ခန့်အပ်[…]

စီရော်နယ်ဒိုမှာ တစ်ကိုယ်ကောင်းဆန်သူ မဟုတ်ဟု ဘန်ဇီမာ ပြော

ဇွန် ၉၊ မက်ဒရစ် ။ ။ ရီးယဲလ်တိုက်စစ်မှူးဘန်ဇီမာက ၎င်း၏ အသင်းဖော်စီရော်နယ်ဒိုမှာ ဂိုးများစွာသွင်းယူနေသော်လည်း တစ်ကိုယ်ကောင်းဆန်သူ မဟုတ်ကြောင်း ပြောဆိုလိုက်သည်။ ဝေဖန်သူများက စီရော်နယ်ဒိုကို မက်ဆီနှင့် နှိုင်းယှဉ်ကာ တစ်ကိုယ်ကောင်းဆန်သူဟု ပြောဆိုခဲ့ကြသည်။ မက်ဆီသည် ပြီးခဲ့သည့်ရာသီက ဂိုးဖန်တီးမှုပေါင်း ၁၉ ကြိမ်အထိပြုလုပ်နိုင်ခဲ့ပြီး စီရော်နယ်ဒိုသည် ၁၂ ကြိမ်သာ ပြုလုပ်နိုင်ခဲ့သည်။ ဘန်ဇီမာက \”ကျွန်တော်မှာ ဘာမှ ပြောစရာမရှိပါဘူး။ စီရော်နယ်ဒိုဆိုတဲ့နာမည်ကို ကြားတာနဲ့ ကျွန်တော်မှာ သူ့ကို လေးစားတာပဲ ရှိတယ်။ သူက တကယ်ထူးခြားတဲ့ ဘောလုံးသမားပါ။ ကျွန်တော်တို့ နှစ်ဦးကြားမှာ နားလည်မှုတွေ အများကြီး ရှိပါတယ်။ ပြီးတော့ သူကေဝဖန်သူတွေပြောနေသလို တစ်ကိုယ်ကောင်းဆန်တယ်ဆို ဘောလုံးရတာနဲ့ ဂိုးသွင်းဖို့ပဲ လုပ်နေမှာပေါ့။ တကယ်တော့ ဒီလိုမဟုတ်ပါဘူး။ ကျွန်တော်တို့ ဂိုးသွင်းဖို့အတွက် Read more about စီရော်နယ်ဒိုမှာ တစ်ကိုယ်ကောင်းဆန်သူ မဟုတ်ဟု ဘန်ဇီမာ ပြော[…]

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဒူးရင်းသီးအစားပြိုင်ပွဲ ကျင်းပ

ဘန်ကောက်၊ ဇွန်၁၁ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဈေးဝယ်စင်တာတစ်ခုတွင် ဇွန်လ ၁၀ ရက် က ဒူးရင်းသီးအစားပြိုင်ပွဲ တစ်ခု ကျင်းပခဲ့ရာ ဒူးရင်းသီး နှစ်သက်သူများ လာရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲတွင် အလေးချိန် ၁ကီလိုဂရမ်ရှိသည့် ဒူးရင်းသီးများအား အမြန်ဆုံးစားနိုင်သူက အနိုင်ရရှိမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

ယခုနွေတွင် ပရီးမီးယားလိဂ်မှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာမည့်ကစားသမားများ (၉၀)ကျော်အထိရှိနေ

ဇွန် ၁၁၊ အင်္ဂလန် ယခုနွေရာသီအပြောင်းအရွှေ့တွင် ပရီးမီးယားလိဂ်မှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာမည့် ကစားသမား(၉၃)ဦးအထိ ရှိကြောင်း ဒေးလီးမေးလ် သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။ နွေရာသီတွင်ထွက်ခွာမည့် ကစားသမားစာရင်း၌ မန်ယူဝါရင့်တိုက်စစ်မှူးအီဘရာဟီမိုဗစ်၊ ချယ်လ်ဆီးအသင်းခေါင်းဆောင်ဂျွန်တယ်ရီ၊ ဘန်လေအသင်းမှ ဂျိုယေးဘာတန်၊ မန်စီးတီးအသင်းမှ ဆက်ဂ်နာ၊ နာဗက်စ်၊ ကလစ်ရှ်ချီ၊ အာဆင်နယ်အသင်းမှ ဆာနိုဂိုတို့လို နာမည်ကြီး ကစားသမားများလည်း ပရီးမီးယားလိဂ်ကလပ်အသင်းများမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ခွင့်ပြုထားသည့် ကစားသမားအများစုမှာ သက်ကြီးကစားသမားများဖြစ်ပြီး ခရစ္စတယ်ပဲလေ့စ်အသင်းက ကစားသမား(၁၁)ဦးဖြင့် အလွတ်ပြောင်းရွှေ့ကြေးနှင့် ကစားသမားအများဆုံး ထွက်ခွာခွင့်ပြုထားသည့် ပရီးမီးယားလိဂ်အသင်းအဖြစ် ရပ်တည်လျက်ရှိသည်။ ၎င်းနောက်တွင်အဲဗာတန်အသင်းက (၁၀)ဦးဖြင့် ရှိနေပြီး တတိယနေရာတွင် ဆွမ်ဆီးအသင်းက ကစားသမား(၈)ဦးဖြင့် ရပ်တည်လျက်ရှိသည်။ မန်စီးတီးနှင့် ဝက်ဖို့ဒ်အသင်းတို့မှာ(၇)ဦးစီဖြင့် စတုတ္ထနေရာတွင် ရှိနေကြပြီး ပရီးမီးယားလိဂ်မှ အသင်းတိုင်းနီးပါး ကစားသမားများကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့်ပြုထားသည်။ ရည်ညွှန်း Read more about ယခုနွေတွင် ပရီးမီးယားလိဂ်မှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာမည့်ကစားသမားများ (၉၀)ကျော်အထိရှိနေ[…]