သေဆုံးသူများနှင့် ပျောက်ဆုံးသူများအတွက် ဝမ်းနည်းကြောင်း ပြည်ထောင်စုလွတ်တော်တွင် နှစ်မိနစ် ငြိမ်သက်

ဇွန်လ ၉ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော်၌ တပ်မတော်လေယာဉ် Y-8 မတော်တဆမှုကြောင့် သေဆုံးခဲ့သူများအတွက် အထူးဝမ်းနည်းကြေကွဲကြောင်း အရေးကြီးအဆို တင်သွင်းခဲ့ကာ ဝမ်းနည်းကြောင်း နှစ်မိနစ် ငြိမ်သက်သော အစီအစဉ်ကို ပြုလုပ်ခဲ့သည်။ တင်သွင်းသူမှာ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်မှ NLD လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးလင်းဖြစ်ပြီး ထောက်ခံသူမှာ စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် USDP ပါတီဝင် ဦးမောင်မြင့် ဖြစ်ကြောင်း သိရသည်။ ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက … comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။

တပ်မတော်လေယာဉ်ပျက်ကျမှု နိုင်ငံတကာမှ ဝမ်းနည်းကြောင်းသဝဏ်လွှာများပေးပို့

ရန်ကုန်၊ ဇွန် ၉ ။ ။ တပ်မတော်သယ်ယူပို့ဆောင်ရေးလေယာဉ် ပျက်ကျခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး နိုင်ငံတကာမှ ခေါင်းဆောင်များက မြန်မာနိုင်ငံကို ဝမ်းနည်းကြောင်း သဝဏ်လွှာများပေးပို့နေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။ ယနေ့ ဇွန်လ ၉ ရက် ၊ မွန်းလွဲပိုင်းအထိ ဘရူနိုင်း၊ ထိုင်း၊ ဗီယက်နမ်၊ တရုတ် ၊ အိန္ဒိယ ၊ အမေရိကန်၊ ဗြိတိန်၊ ဘယ်လာရုစ်၊ ကနေဒါ၊ ချက်၊ ပြင်သစ်၊ အီးယူ၊ အစ္စရေးလ်၊ နယ်သာလန်၊ ရုရှား၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ဆားဗီးယား၊ တူရကီ နှင့် ဇမ်ဘီယာနိုင်ငံ စုစုပေါင်း နိုင်ငံ ၂၀ ခန့်က ဝမ်းနည်းကြောင်း သဝဏ်လွှာများ၊ ထုတ်ပြန်ကြေညာချက်များ ပေးပို့ခဲ့ကြသည်။ ဇွန် ၇ Read more about တပ်မတော်လေယာဉ်ပျက်ကျမှု နိုင်ငံတကာမှ ဝမ်းနည်းကြောင်းသဝဏ်လွှာများပေးပို့[…]

ဂျပန်ဘုရင် နန်းစွန့်မည့် အစီအစဉ် ပါလီမန် အတည်ပြု

ဇွန် ၉ ။ ။ အသက်အရွယ် ကြီးရင့်နေပြီဖြစ်တဲ့ ဂျပန်ဘုရင် အကီဟီတို ထီးနန့်စွန့်နိုင်ရန် လိုအပ်သည့် ဥပဒေတစ်ရပ်ကို ဇွန်လ ၉ ရက်က ပါလီမန်လွှတ်တော်က အတည်ပြုပေးလိုက်ပြီ ဖြစ်သည်။ ယင်းအတွက်ကြောင့် ဘုရင် အကီဟီတိုအနေဖြင့် နှစ်ပေါင်း ၂၀၀ ကျော်အတွင်း ပထမဆုံးသော နန်းစွန့်ဘုရင်အဖြစ် မှတ်တမ်းဝင်လာရန် နီးစပ်လာနေပြီဖြစ်သည်။ သက်တော် ၈၃ နှစ်ရှိ ဘုရင် အကီဟီတိုက ၎င်းအနေဖြင့် လက်ရှိ အသက်အရွယ်နှင့် ကျန်းမာရေးအခြေအနေကြောင့် သားတော်ဖြစ်သူ အိမ်ရှေ့စံ နာရူဟီတိုကို ထီးနန်းလွှဲပြောင်းပေးချင်နေပြီဖြစ်ကြောင်း ထုတ်ပြောခဲ့သဖြင့် တစ်နိုင်ငံလုံး အံ့အားသင့်ခဲ့ကြရသည်။ သို့သော် ယင်းနိုင်ငံတွင် ထိုကဲ့သို့ အင်ပါယာဘုရင်တစ်ပါးအတွက် ထီးနန်းစွန့်နိုင်မည့် ဥပဒေ ရှိမနေခဲ့သည့်အတွက် မျှော်လင့်မထားဘဲ ပေါ်ပေါက်လာခဲ့သည့် ယခုကိစ္စတွင် ခက်ခဲနေခဲ့ရခြင်းလည်း ဖြစ်သည်။ Read more about ဂျပန်ဘုရင် နန်းစွန့်မည့် အစီအစဉ် ပါလီမန် အတည်ပြု[…]

တီဟီရန် တိုက်ခိုက်သူများသည် အီရန်တွင် IS အဖွဲ့က စုဆောင်းထားသူဟု အတည်ပြု

တီဟီရန်၊ ဇွန် ၈ တီဟီရန်တွင် လူ ၁၂ ဦး သေဆုံးသော တိုက်ခိုက်မှုကို ကျူးလွန်သူများမှာ IS အဖွဲ့သို့ ဝင်ရောက်ထားသူ အီရန်လူမျိုးများ ဖြစ်သည်ဟု အီရန်နိုင်ငံက ပြောကြားလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။ အသေခံ ဗုံးခွဲသူများသည် ပါလီမန်နှင့် ခါမေနီဂူဗိမာန်တို့ကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ တိုက်ခိုက်သူအားလုံး သေဆုံးသွားပြီး တတိယမြောက် တိုက်ခိုက်မှုကို စီစဉ်နေသူ ငါးဦးကို ဖမ်းဆီးရမိသည်ဟု တာဝန်ရှိသူများက ပြောကြားသည်။ တိုက်ခိုက်မှု၏ နောက်ကွယ်တွင် ဆော်ဒီနှင့် အမေရိကန်တို့ ရှိသည်ဟု အီရန် တော်လှန်ရေး အစောင့်တပ်က စွပ်စွဲထားသည်။ ဆော်ဒီဦးဆောင်သော အာရပ်နိုင်ငံများက ကာတာနိုင်ငံအား အဆက်အသွယ် ဖြတ်တောက်မှုကြောင့် တင်းမာမှုများ ဖြစ်ပေါ်နေသည့် အချိန်တွင် တီဟီရန် တိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့သည်။ Read more about တီဟီရန် တိုက်ခိုက်သူများသည် အီရန်တွင် IS အဖွဲ့က စုဆောင်းထားသူဟု အတည်ပြု[…]

တီဟီရန် တိုက်ခိုက်သူများသည် အီရန်တွင် IS အဖွဲ့က စုဆောင်းထားသူဟု အတည်ပြု

တီဟီရန်၊ ဇွန် ၈ တီဟီရန်တွင် လူ ၁၂ ဦး သေဆုံးသော တိုက်ခိုက်မှုကို ကျူးလွန်သူများမှာ IS အဖွဲ့သို့ ဝင်ရောက်ထားသူ အီရန်လူမျိုးများ ဖြစ်သည်ဟု အီရန်နိုင်ငံက ပြောကြားလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။ အသေခံ ဗုံးခွဲသူများသည် ပါလီမန်နှင့် ခါမေနီဂူဗိမာန်တို့ကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ တိုက်ခိုက်သူအားလုံး သေဆုံးသွားပြီး တတိယမြောက် တိုက်ခိုက်မှုကို စီစဉ်နေသူ ငါးဦးကို ဖမ်းဆီးရမိသည်ဟု တာဝန်ရှိသူများက ပြောကြားသည်။ တိုက်ခိုက်မှု၏ နောက်ကွယ်တွင် ဆော်ဒီနှင့် အမေရိကန်တို့ ရှိသည်ဟု အီရန် တော်လှန်ရေး အစောင့်တပ်က စွပ်စွဲထားသည်။ ဆော်ဒီဦးဆောင်သော အာရပ်နိုင်ငံများက ကာတာနိုင်ငံအား အဆက်အသွယ် ဖြတ်တောက်မှုကြောင့် တင်းမာမှုများ ဖြစ်ပေါ်နေသည့် အချိန်တွင် တီဟီရန် တိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့သည်။ Read more about တီဟီရန် တိုက်ခိုက်သူများသည် အီရန်တွင် IS အဖွဲ့က စုဆောင်းထားသူဟု အတည်ပြု[…]

၃၂ လမ်းနောက်ဖေးလမ်းကြားကို အလှဆင်ပြီး ရေရှည်တည်တံ့အောင် ထိန်းသိမ်းမည်

ရန်ကုန်၊ ဇွန် ၉ ။ ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့အမီ ဖွင့်လှစ်ဖို့လုပ်ဆောင်ထားတဲ့ အမှိုက်ကင်းစင်ရေးရည်ရွယ်တဲ့ နောက်ဖေးလမ်းကြားဥယျာဉ်ငယ်ကို ရာသီဥတုအခြေနေတွေနဲ့ အခက်အခဲတချို့ကြောင့် ဇွန်လကုန်မှာ ဖွင့်နိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ ပန်းပဲတန်းမြို့နယ် ၃၁ လမ်းနှင့် ၃၂ လမ်း အလယ်ဘလောက်က နောက်ဖေးလမ်းကြားတစ်ခု ကို အလှဆင်တဲ့ပြင်ဆင်မှုတွေ စလုပ်နေပြီး ရေရည်တည်တံအောင် ထိန်းသိမ်းသွားမယ်လို့ ရန်ကုန်တိုင်းလွှတ်တော်အမတ် ပန်းဘဲတန်းမဲဆန္ဒနယ်မှ ဦးသန်းနိုင်ဦးက ပြောပါတယ်။ ဒီ ၃၂ နောက်ဖေးလမ်းကြားမှာ အလှဆင်ဖို့ကို ပြင်ဆင်နေတာ ၂၄ ရက်လောက်ရှိပြီလို့ သိရပါတယ်။ \” ဒီဟာက နောက်ဖေးလမ်းကြားကို အမှိုက်မပစ်အောင်လုပ်တာ တကယ့်ကို အပန်းဖြေရအောင်တော့ လိုပါသေးတယ်။ ရေရှည်ပေါ့ အစ်ကိုတို့ကတော့ တာဝန်ယူနေတဲ့ သက်တမ်းကာလ အခုဆို ၄ နှစ် ကျန်နေသေးတယ်။ ၄ Read more about ၃၂ လမ်းနောက်ဖေးလမ်းကြားကို အလှဆင်ပြီး ရေရှည်တည်တံ့အောင် ထိန်းသိမ်းမည်[…]

နာမည်ကြီး ပုဒ်မ ၆၆(ဃ) အား လွှတ်တော်တွင် မကြာခင် ဆွေးနွေးဖွယ် ရှိနေ

နေပြည်တော်(ဇွန် ၉ရက်၊ ၂၀၁ရခုနှစ်)။ ။ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နှင့်ပတ်သက်ပြီး လွှတ်တော်တွင် အများစုနေရာရထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ လွှတ်တော်အမတ်တစ်ဦးက လွှတ်တော်တွင် မေးခွန်းမေးမြန်းရန် (၂)ကြိမ်တိုင်တိုင် ကြိုးပမ်းခဲ့သော်လည်း ပါတီစိစစ်ရေးအဖွဲ့၏ ခွင့်ပြုချက်မရသဖြင့် အထမမြောက် ဖြစ်ခဲ့ရသည်။ NLD အမတ်များသည် လွှတ်တော်တွင် မေးမြန်းမည့် မေးခွန်းနှင့် တင်သွင်းမည့် အဆိုများကို ပါတီ၏ စိစစ်ရေးအဖွဲ့ထံ ကနဦး တင်ပြရခြင်းဖြစ်ပြီး အဖွဲ့၏ ခွင့်ပြုချက်ဖြင့် မေးမြန်း၊ တင်သွင်းကြရခြင်း ဖြစ်သည်။ “ခနလေး ဆိုင်းငံ့ထားပါ။ ဒါကို မမေးပါနဲ့၊ အဲ့လိုပြောတယ်။ မေးခွန်းမေးတာ နှစ်ကြိမ်ရှိပြီ။ စတုတ္ထ(ပုံမှန်လွှတ်တော်အစည်းအဝေး)အကြိမ်တုန်းက တစ်ကြိမ်၊ အခု ပဉ်စမ တစ်ကြိမ်” ဟု ၆၆(ဃ)နှင့်ပတ်သက်ပြီး လွှတ်တော်တွင် မေးခွန်းမေးမြန်းရန် ကြိုးပမ်းသော်လည်း အထမမြောက်သေးသည့် အခြေအနေကို စစ်ကိုင်းတိုင်း၊ မဲဆန္ဒနယ်အမှတ်(၅)မှ Read more about နာမည်ကြီး ပုဒ်မ ၆၆(ဃ) အား လွှတ်တော်တွင် မကြာခင် ဆွေးနွေးဖွယ် ရှိနေ[…]

ရှမ်းပြည်နယ် ၁၂ မြို့အတွက် လမ်းကြိတ်စက် နှင့် အမှိုက်သိမ်းယာဉ် ၁၂ စီးကို ပေးအပ်

ရန်ကုန် ဇွန် ၉။ ။ ။ ရှမ်းပြည်နယ်မှ ၁၂ မြို့အတွက် ယာဉ်၊ စက်၊ ယန္တရား ၁၂ စီး ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် ရှမ်းပြည်နယ် စည်ပင်သာယာရေးကော်မတီ အစည်းအဝေးခန်းမမှာ ယနေ့နံနက်ပိုင်း ၈ နာရီက ကျင်းပပြုလုပ်ခဲ့သည်။ “ကျွန်မတို့ရဲ့ သိန္နီမြို့လေးဟာ အခွန်ဝင်ငွေနည်းတဲ့ မြို့ဖြစ်တယ်၊ ကိုယ့်ဝင်ငွေနဲ့ဆို ဒီယန္တရားတွေကို မဝယ်နိုင်ပါဘူး၊ ဒါကြောင့် နားလည်ပေးစေချင်ပါတယ်၊ နယ်မြို့တွေအတွက် တကယ် လိုအပ်နေတာပါ’’ ဟု သိန္နီမြို့နယ် အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီက မဇ္ဈိမကို ပြောသည်။ အဆိုပါ ပေးအပ်ခြင်း အခမ်းအနားတွင် ရှမ်းပြည်နယ်စည်ပင်ဝန်ကြီး ဦးစိုင်းစွံဆိုင်းက “ဒီလို လုပ် ဆောင်ပေးရတဲ့အပေါ် ပီတိဖြစ်မိသလို၊ လိုအပ်နေတဲ့မြို့တွေကို ဆက်လက်ဖြည့်ဆည်းပေးသွားမယ်’’ Read more about ရှမ်းပြည်နယ် ၁၂ မြို့အတွက် လမ်းကြိတ်စက် နှင့် အမှိုက်သိမ်းယာဉ် ၁၂ စီးကို ပေးအပ်[…]

စစ်ဘေးရှောင် ၆ နှစ်ပြည့် အခမ်းအနားများ နေရာအနှံ့ ကျင်းပ

ချင်းမိုင်၊ဇွန်လ ၉ ။ ။ တပ်မတော်နှင့် KIO အကြား တိုက်ပွဲ တကျော့ပြန် ဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင်လာသည့် ၆ နှစ်ပြည့် အထိန်းအမှတ် အခမ်းအနားများကို ပြည်တွင်း ပြည်ပ မှ ကချင်လူမျိုးများက ဇွန်လ ၉ ရက်နေ့က ကျင်းပခဲ့သည်။ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် တိုက်ပွဲ ဆက်လက် ဖြစ်ပွားမှု အခြေအနေများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် စစ်ရှောင်ဒုက္ခသည်များ၏ နောက်ဆုံး အခြေအနေများကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ ကချင်လူထုအဖွဲ့အစည်းများ ပြုလုပ်သော အခမ်းအနားတွင် ရှင်းလင်းတင်ပြခဲ့ခြင်း ဖြစ်သည်။ “အခုအဆိုးဝါးဆုံးကတော့ လူသားချင်းစာနာထောက်ပံ့တဲ့အကူအညီတွေ လျော့ချသွားတဲ့အတွက်ကြောင့် အရမ်း ဒုက္ခရောက်နေတယ်။ ကျွန်မ မိုင်ဂျာယန် ကေအိုင်အိုထိန်းချုပ်နယ်မြေက ပါကထောင် စစ်ပြေး ဒုက္ခသည်စခန်းမှာ တာဝန်ရှိတဲ့ လူတွေနဲ့ တွေ့တော့ Read more about စစ်ဘေးရှောင် ၆ နှစ်ပြည့် အခမ်းအနားများ နေရာအနှံ့ ကျင်းပ[…]

တပ်မတော်လေယာဉ်ပျက်ကျမှုကို စုံစမ်းရာတွင် တရုတ်ကုမ္ပဏီက အကူအညီပေးမည်

ဇွန်လ ၈ ရက် ။ ။ မြန်မာနိုင်ငံတွင် တရုတ်လုပ် သယ်ယူပို့ဆောင်ရေး လေယာဉ်ပျက်ကျမှုကို မြန်မာလေတပ်က စုံစမ်းစစ်ဆေးရာ၌ အကူအညီပေးသွားရေးအတွက် ပြင်ဆင်နေကြောင်း တရုတ်လေယာဉ်ကုမ္ပဏီကြီးဘက်က ထုတ်ပြန်သည်။ မြိတ်မြို့မှ ရန်ကုန်သို့ ဦးတည်သော တပ်မတော်မှ Y-8F-200W တာဘိုဂျက်လေယာဉ် ပင်လယ်ပြင်အတွင်း ပျက်ကျခဲ့ကြောင်းကို မြန်မာ့တပ်မတော်ထုတ်ပြန်ချက်အရ သိရကြောင်း တရုတ်အမျိုးသားလေယာဉ်နည်းပညာ သွင်းကုန်ထုတ်ကုန် ကော်ပိုရေရှင်း CAITC က ဇွန် ၈ ရက်တွင် ထုတ်ပြန်သည်။ အဆိုပါလေယာဉ်တွင် ကလေးများအပါအဝင် တပ်မတော်အမှုထမ်းများနှင့် ဆွေမျိုးများ လိုက်ပါခဲ့ခြင်းဖြစ်သည်။ ထိုလေယာဉ်မှာ တရုတ်လေကြောင်းစက်မှုကော်ပိုရေးရှင်းပိုင် CAITC ကုမ္ပဏီက ပြီးခဲ့သည့် နှစ်၊ မတ်လအတွင်း မြန်မာလေတပ်ထံ ပေးပို့ခဲ့ခြင်းဖြစ်သည်။ လေယာဉ်ပျက်ကျမှု၌ သေဆုံးမိသားစုများအတွက် ဝမ်းနည်းကြောင်း၊ ပျက်ကျရသည့်အကြောင်း စုံစမ်းရာတွင် မြန်မာနိုင်ငံအား ကူညီသွားမည်ဖြစ်ကြောင်း Read more about တပ်မတော်လေယာဉ်ပျက်ကျမှုကို စုံစမ်းရာတွင် တရုတ်ကုမ္ပဏီက အကူအညီပေးမည်[…]