ပြတ်သွားတဲ့ ချစ်သူကောင်မလေးနဲ့ ပြန်အဆင်ပြေအောင်ဘယ်လိုလုပ်ကြမလဲ

သမီးရည်းစားဆက်ဆံရေးဆိုတာဟာ မကြာခဏဖြစ်နေတဲ့ သံသယတွေ ၊ နားခါးလှတဲ့ စွပ်စွဲချက်တွေနဲ့ လေပွေတစ်ခုလို ပြီးဆုံးသွားတတ်ပါတယ်။ သင်မရည်ရွယ်လိုက်တဲ့ အဓိပ္ပါယ်နဲ့ နည်းနည်းလေးပြောလိုက်တာဖြစ်ကောင်းဖြစ်နိုင်ပေမယ့် သူမကတော့ ပြန်လည် တိုက်ခိုက်တတ်ပါတယ်။ သူမ တွေးလိုက်မိတာ အခြား အဓိပ္ပါယ်ဖြစ်သွားနိုင်တာ ကြောင့် ပြဿနာဆိုတာ အလွယ်လေးတက်လို့ရပါပြီ။ ကဲ အခုအချိန်ခဏလေးပေးပြီးတော့ ခင်ဗျားအနေနဲ့ ဘာကိုဆုံးရှုံးသွားခဲ့ပြီလည်းဆိုတာကို စဉ်းစားကြည့်ရအောင်။ ကိုယ့်ကိုကိုယ် သိပါတယ်။ သူမကို ပြန်လိုအပ်နေတယ်ဆိုတာ။ ဒါဆိုရင်တော့ အောက်ကနည်းလမ်း လေးတွေကို တစ်ချက်ဖတ်ကြည့်ပြီးတော့ ဘာဆက်လုပ်သင့်သလည်းဆိုတာစဉ်းစားလိုက်ပါ။ သင့်ရဲ့ ဘဝလမ်းကြောင်းကို ပြန်လည်တည်ဆောက်ပါ ……………………………………………………………………….. မိန်းကလေးတွေဆိုတာဟာ ယောက်ျားတစ်ယောက် ကိုယ့်အားကိုယ်ကိုးနေတာကိုဘဲ လိုချင်ကြပါတယ်။ သင်တို့နှစ်ယောက် ချစ်ကြိုက်နေစဉ်ကာလတုန်းက ကောင်မလေး အနေနဲ့ သင့်ရဲ့ အလုပ်အကိုင်နဲ့ ပတ်သက်ပြီး တစ်စုံတစ်ခုပြောကောင်းပြောနိုင်ပါတယ်။ တခါတရံမှာလည်း ကိုယ်ကိုယ်တိုင် တိုးတက်အောင်လုပ်နိုင်တယ်ဆိုပြီး၊ ငါဟာ Read more about ပြတ်သွားတဲ့ ချစ်သူကောင်မလေးနဲ့ ပြန်အဆင်ပြေအောင်ဘယ်လိုလုပ်ကြမလဲ[…]

မိန်းမချောလေးများအတွက် ဘယ်နေရာသွားသွား အဆင်ပြေတဲ့ အကျီဒီဇိုင်းလေးတွေ

ပခုံးတစ်ဝက်ပေါ်တဲ့ အကျီဒီဇိုင်းလေးပါ။ မိန်းကလေးအများစုက လည်တိုင်လေးတွေလှပကြလို့ပခုံးတစ်ဝက်ပေါ်တဲ့အကျီလေးနဲ့ဆို အရမ်းလိုက်ဖက်တာတွေ့ရပါတယ်။အကျီလေးတွေကအရမ်းမပါးပဲ ချည်သားဒီဇိုင်းမျိုးမို့လို့ နွေရာသီအတွက် အဆင်ပြေတဲ့ အကျီပါ။မိုးရာသီနဲ့ ဆောင်းရာသီကျရင်လည်း ဗီရိုထဲထည့်သိမ်းစရာမလိုပါဘူး။ အပေါ်ကနေ အနွေးထည်လေးထပ်ဝတ်ပြီး စတိုင်တောင်ပိုကျပါသေးတယ်။ပခုံးတစ်ဝက်ပေါ်တဲ့ အကျီဒီဇိုင်းကလည်း ပုံစံမျိုးစုံရှိလို့ အပြင်သွားရင် ခေါင်းခြောက်အောင်စဉ်းစားစရာမလိုပါဘူး။ ပန်းပုံစံဒီဇိုင်း ဒီပုံစံကတော့ ပန်းလေးတွေပါလို့ ချစ်စရာမိန်းမပျိုလေးဖြစ်စေမှာပါ။ ဒါလေးကတော့ လက်မှာကြိုးပါတဲ့ဒီဇိုင်းပါ တစ်ချို့မိန်းကလေးတွေရဲ့ အကြိုက်ပါပဲ။လက်မှာ ကြိုးလေးချည်ပြီးစတိုင်ကျတဲ့အမျိုးသမီးတစ်ယောက်လိုဖြစ်စေမှာပါ။ နောက်တစ်မျိုးကတော့ ပခုံးကြိုးသေးသေးလေးပါတဲ့ဒီဇိုင်းပါ ။ ဒီ ဒီဇိုင်းကတော့ လက်တိုဖြစ်လို့ပိန်ပိန်သွယ်သွယ် အရပ်အနိမ့်အမြင့် မိန်းကလေးတွေနဲ့ဆို ပိုပြီးလိုက်ဖက်တာတွေ့ရပါတယ်။ ပိန်တယ်လို့မထင်ရပဲ ကြည့်ကောင်းစေမဲ့ ပုံစံလေးပါ။ ဒီပုံစံလေးကတော့ ပခုံးကျကိုမှဆန်းဆန်းလေးနဲ့ လက်ပုံစံကလည်းတော်တော်ကိုလှပါတယ်။လည်တိုင်ကိုပိုပြီးပေါ်လွင်စေတဲ့ ပုံစံလေးမို့ တော်ရုံလည်တိုင်မလှလို့ မဝတ်တော့ဘူးလို့ တွေးထားတဲ့သူတွေနဲ့ လိုက်ဖက်တဲ့ ပုံစံလေးပါ။ နောက်ဆုံးဒီပုံစံလေးကတော့ ခါးရှည်မကြိုက်ပေမဲ့ ပခုံးပေါ်တဲ့ဒီဇိုင်းမျိုးဝတ်ချင်တဲ့သူတွေအတွက်လိုက်ဖက်တဲ့ လှပတဲ့ ပုံစံလေးပါ။

ပြည်မြို့က ကျူးကျော်ရပ်ကွက် အချို့ကို လူဦးရေ နှင့် အိမ်ထောင်စု စာရင်းပြုစု

ပြည်၊ ဇွန် ၁၁ ။ ။ ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့တွင် မိုးရာသီ ရေကြီးရေလျှံဖြစ်ပေါ်လေ့ရှိသော ကျူးကျော်ရပ်ကွက်အချို့ကို အိမ်ခြေစာရင်း၊ အိမ်ထောင်စုစာရင်း၊ လူဦးရေစာရင်းများကောက်ခံခဲ့ပြီး မှတ်ပုံတင်နှင့် အိမ်ထောင်စုဇယားများ ပြုလုပ်ပေးရန် စီစဉ်နေကြောင်းသိရသည်။ “ပြီးခဲ့တဲ့ရွေးကောက်ပွဲက အဲဒီဒေသက လူတွေ မဲမပေးရတာရှိတယ်။ ဘယ်သူ့ကိုပဲမဲပေးပေး အဲဒီဒေသက လူတွေမဲပေးခွင့်ရစေချင်တယ်။ အိမ်ထောင်စု စာရင်းနဲ့ မှတ်ပုံတင်လုပ်ပေးဖို့ စီစဉ်တာပါ”ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်က ဆိုသည်။ ဇွန်လ ၁၀ ရက် နှင့် ၁၁ ရက်အတွင်း ပြည်မြို့နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးအရာရှိ ဦးဇော်ဇော်ဦး ဦးဆောင်သည့်အဖွဲ့က နဝင်းနယ်မြေအတွင်းရှိ ကျူးကျော်ရပ်ကွက်များကို ကွင်းဆင်းကာ စာရင်းကောက်ခံမှုများပြုလုပ်ခဲ့သည်။ ကမ်းနားလမ်း နဝင်းမြောက်တွင် အိမ်ခြေ ၂၅လုံး၊ အိမ်ထောင်စု ၂ရစု လူဦးရေ ၁၂၁ Read more about ပြည်မြို့က ကျူးကျော်ရပ်ကွက် အချို့ကို လူဦးရေ နှင့် အိမ်ထောင်စု စာရင်းပြုစု[…]

မသီတာထွေး ဝမ်းနည်းဖွယ်အထိမ်းအမှတ် အခမ်းအနား စစ်တွေ၊ ကျောက်ဖြူနှင့် မောင်တောတို့တွင် ပြုလုပ်

မဘုကေ နှင့် ကျော်ဝင်း (ကျောက်ဖြူ) စစ်တွေ၊ မေ ၂၈ (၅) နှစ်မြောက် မသီတာထွေး ဝမ်းနည်းဖွယ် အထိမ်းအမှတ် အခမ်းအနားကို စစ်တွေ၊ ကျောက်ဖြူနှင့် မောင်တောတို့တွင် မေလ ၂၈ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့သည်။ မသီတာထွေး ဝမ်းနည်းဖွယ်အထိမ်းအမှတ်ကို စစ်တွေမြို့ရှိ အတုလမာရဇိန် ဘုရားကြီး၌ မေလ ၂၈ ရက်နေ့ ညနေ ၈ နာရီခန့်တွင် ပြုလုပ်ခဲ့ပြီး ၄ ကြိမ်မြောက် ဝမ်းနည်းဖွယ် အထိမ်းအမှတ် ဖြစ်သည် ဟု ရက္ခိုင်အလင်းတံခါး တက်ကြွလှုပ်ရှားသူ ဒေါ်ကျော့စိန်က ပြောသည်။ “ ၄ ကြိမ်မြောက် ပြုလုပ်တာပါ အခုတော့ လူနည်းနည်းနဲ့ ဆီမီးထွန်းပြီး ဝမ်းနည်းပွဲ အခမ်းအနား ပြုလုပ်လိုက်တာပါ” ဟု ဒေါ်ကျော့စိန် Read more about မသီတာထွေး ဝမ်းနည်းဖွယ်အထိမ်းအမှတ် အခမ်းအနား စစ်တွေ၊ ကျောက်ဖြူနှင့် မောင်တောတို့တွင် ပြုလုပ်[…]