ညဖက်မြန်မြန်အိပ်ပျော်စေဖို့ နည်းလမ်းများ

လူတော်တော်များများက ညဘက်တွေကိုနောက်ကျမှအိပ်ပျော်လို့ မနက်မထချင်ပဲထရတာ၊ နောက်ကျမှနိုးတာမျိုးတွေဖြစ်တတ်ပါတယ်။အဲဒီအခါကျရင် တစ်နေ့တာလုံးလေးလံထိုင်းမှိုင်းပြီးစိတ်လည်းကြည်မှာမဟုတ်ပါဘူး။အောက်ကနည်းလမ်းတွေအတိုင်းရှောင်သင့်တာ လုပ်သင့်တာတွေကိုလုပ်ပြီး စိတ်ကြည်လင်တဲ့မနက်ခင်းတွေကို ပိုင်ဆိုင်နိုင်ပါတယ်။ ၁။ မနက်တိုင်း ပုံမှန်ထချိန်ကိုထပါ။ ညဘက်ဘယ်အချိန်အိပ်လဲဆိုတာထက် မနက်တိုင်းပုံမှန်အချိန်ထဖို့က အရေးကြီးပါတယ်။အဲဒါက သင့်ရဲ့သွားလာလှုပ်ရှားမှုကို ပုံမှန်ဖြစ်စေဖို့ ကူညီပေးနိုင်ပါတယ်။မနက်အရမ်းအစောကြီးထလိုက်၊နောက်ကျမှထလိုက်ဆိုရင်တော့ တစ်နေ့တာလှုပ်ရှားမှုကိုအနှောင့်အယှက်ဖြစ်စေပါတယ်။ ၂။ တကယ်အရမ်းပင်ပန်းပြီးအိပ်ချင်နေတဲ့အချိန်ကျမှ အိပ်ရာဝင်ပါ။ မအိပ်ချင်သေးရင် အိပ်ရာထဲမဝင်ပါနဲ့။ တစ်နေ့လုံးလုပ်ခဲ့တာတွေကို ပြန်စဉ်းစားမိပြီး အိပ်ပျော်မှာမဟုတ်ပါဘူး။ အိပ်ခါနီး ဘာကိုမှမတွေးပါနဲ့။ ၃။ တခြားလုပ်စရာရှိတာတွေအရင်လုပ်ပါ။ ဥပမာ စာအုပ်ဖတ်တာမျိုး၊ မိသားစုနဲု့စကားပြောတာမျိုး လုပ်ပါ။မအိပ်ချင်သေးပဲ အခန်းထဲမှာလှဲပြီးမနေပါနဲ့။ ၄။ မအိပ်ခင်လေ့ကျင့်ခန်းလုပ်ပါ။ ညနေစောင်း ၆ နာရီ လောက်လေ့ကျင့်ခန်းအနည်းငယ်လုပ်ပါ။ အိပ်ချိန်နဲ့အရမ်းနီးတဲ့အချိန်မလုပ်ပါနဲ့။အဲ့ဒါက ပိုပြီးအိပ်မပျော်စေပါဘူး။ ၅။ အိပ်ခန်းထဲမှာ မီးအလင်းရောင်ကိုလျှော့ထားပါ။ ဖုန်းတွေမသုံးပါနဲ့။ ဖြစ်နိုင်ရင် လျှပ်စစ်ပစ္စည်းတွေမသုံးပါနဲ့။ အခန်းမီးပိတ်ထားရင် ပိုကောင်းပါတယ်။ ၆။ ညနေဘက် ဒါမှမဟုတ် အိပ်ခါနီး Read more about ညဖက်မြန်မြန်အိပ်ပျော်စေဖို့ နည်းလမ်းများ[…]

သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ယခင်နှစ်ထက် ၄ ဆပိုများလာ

ရန်ကုန်၊ဇွန် ၉ ။ ။ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်းသည် ပြီးခဲ့သည့်နှစ်၂၀၁၆ ထက် ယခုနှစ်တွင် ၄ ဆပိုများလာကြောင်း သွေးလွန်တုန်ကွေးရောဂါနှင့် ပတ်သက်၍ သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲ၌ ရန်ကုန်တိုင်းဦးစီးမှူး ဒေါက်တာဝင်းလွင်က ပြောသည်။ \”ကျွန်တော်တို့က ဒီနှစ်မှာဆိုရင် အရင်နှစ်ကထက် ၄ ဆ ပိုများလာတာပေါ့။ ဒီနှစ်အတွင်း နှိုင်းယှဉ်ရင်ပေါ့။ အခု၂၀၁၇ ခုနှစ်မှာ ဆိုရင် တစ်နိုင်ငံလုံးမှာလည်း ဖြစ်ပွားမှုက အများဆုံးပါ \”ဟု ကျန်းမာရေးဝန်ကြီးဌာနမှ ရန်ကုန်တိုင်းဦးစီးမှူး ဒေါက်တာဝင်းလွင်က ပြောသည်။ ရန်ကုန်တိုင်းအတွင်းတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်မှုလုပ်ငန်းများနှင့် ဖြစ်ပွားနေသော အခြေနေမှန်များကို ပြည်သူများသိရှိသွားစေရန် ဇွန်လ ၉ ရက်တွင် မီဒီယာတွေ့ဆုံပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။ ပိုးလောက်လန်းဘဝ၌ နှိမ်နင်းမှသာ သွေးလွန်းတုပ်ကွေးရောဂါကို ပိုမိုထိရောက်စွာ ကာကွယ် ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးဌာန၏ လက်ကမ်းစာစောင်တွင် Read more about သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ယခင်နှစ်ထက် ၄ ဆပိုများလာ[…]

သဘာဝအတိုင်းအရပ်ရှည်လာစေဖို့ နည်းလမ်းများ (၂)

၁။ကျပ်တဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပါ။ ကျပ်တဲ့ အဝတ်အစားတွေဟာ ဆိုရင် သင့်ခန္ဓါကိုယ်ရဲ့ ပုံစံကို ပေါ်လွင်စေနိုင်တာကြောင့် ကျပ်တဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပါ။ ပွတဲ့ အဝတ်အစားတွေကတော့ ခန္ဓါကိုယ်ပုံစံ ကိုပျောက်စေနိုင်ပါတယ်။ သွယ်ပြီးတော့ ကွက်တိကျတဲ့ အဝတ်အစားတွေဟာ သင့်ကို နေလို့ကောင်းစေမှာဖြစ်ပြီးတော့ ခံစားမှုကောင်းကောင်းကို ရရှိစေမှာဘဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း အရမ်းကြပ်တဲ့ အဝတ်အစားတွေက သင့်ရဲ့ သွေးကြောတွေကို ထိခိုက် စေနိုင်တာကြောင့် မသက်မသာဖြစ်စေပါတယ်။ ၂။သင့်ရဲ့ အမြင့်နှုန်းကို တိုးမြှင့်ပါ။ အမြဲတမ်း ဖိနပ်မြင့်မြင့်တွေ ဝတ်နိုင်ပါတယ်။ မိန်းကလေးတွေဆိုရင် ဒေါက်ဖိနပ်မြင့်မြင့် တွေဝတ်ကြပါတယ်။ Slipper တွေ ဝတ်နေမယ့်အစား ဒေါက်မြင့်တွေပါတဲ့ ဖိနပ်တွေကို ရွေးချယ်ဝတ်ဆင်ခြင်းဖြင့် သင့်ရဲ့ အရပ်ကို တိုးမြှင့်နိုင်ပါတယ်။ ၃။ သင့်ခန္ဓါကိုယ်ရဲ့ အကောင်းဆုံး အစိတ်အပိုင်းတွေကိုဖော်ထုတ်ပြသပါ။ တကယ်လို့များ သင့်မှာ Read more about သဘာဝအတိုင်းအရပ်ရှည်လာစေဖို့ နည်းလမ်းများ (၂)[…]

သဘာဝအတိုင်းအရပ်ရှည်လာစေဖို့ နည်းလမ်းများ (၁)

သင့်ရဲ့ သူငယ်ချင်းတွေက အလျင်အမြန်နဲ့ အရပ်တွေ ရှည်ထွက်သွားကြပြီး သင်က သူတို့အနောက်မှာကျန်ခဲ့တယ်လို့ ခံစားနေရတယ်ဆိုရင်တော့ သင့်မိသားစုကို ပြန်ကြည့်ပါ။ သင့်မိသားစုဟာ တကယ်ကို အရပ်ရှည်တဲ့ မျိုးရိုးဆိုရင် သင်ဟာ လုပ်သင့်လုပ်ထိုက်တဲ့ အရာတွေကို လက်မလွတ်တမ်း လုပ်သင့်နေပြီဘဲဖြစ်ပါတယ်။လူတစ်ယောက်ရဲ့ အရပ်အမြင့်ကို များသော အားဖြင့် သူတို့ကို ထိန်းချုပ်ထားတဲ့ အရာတွေနဲ့ သတ်မှတ်ဆုံးဖြတ်နိုင်ပါတယ်။ ဆေးသောက်စရာမလိုပဲ အရပ်ရှည်နိုင်တဲ့ နည်းလမ်းတွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ ၁။အစားအသောက်တွေကို သင့်တင့်မျှတအောင်စားသုံးခြင်း …………………………………………………………… လူတစ်ယောက်ဟာ ပုံဏ္ဍာန်အားဖြင့် ဝနေတယ်လို့ထင်ရရင် အလိုလိုနေရင်း အရပ်ပုသွား တတ်ပါတယ်။ တကယ်တော့ အဲ့တစ်ချက်ထဲကြောင့် မဟုတ်ပါဘူး။ အစားအသောက်ကို မှန်ကန်စွာ စားသောက်ခြင်းဟာ သင့်ကို တကယ်အရပ်ရှည်လာနိုင်စေပြီးတော့ နေထိုင် မှု ပုံစံပိုကောင်းလာစေနိုင်ပါတယ်။ အဆီအနည်းငယ်သာ ပါဝင်တဲ့ အသားဓါတ်တွေကိုအများအပြားစားသုံးပေးရပါမယ်။ အဆီအနည်းငယ်သာ Read more about သဘာဝအတိုင်းအရပ်ရှည်လာစေဖို့ နည်းလမ်းများ (၁)[…]

ဖျော်ရည် ၅ မျိုးသောက်ပြီး အဆီပိုတွေကို နှုတ်ဆက်လိုက်ရအောင်

ဖျော်ရည် ၅ မျိုးသောက်ပြီး အဆီပိုတွေကို နှုတ်ဆက်လိုက်ရအောင် ဘယ်သူမဆို ကိုယ်လုံးလှလှလေးပိုင်ဆိုင်ချင်ကြမှာပါ။ဒါပေမဲ့ လေ့ကျင့်ခန်းလုပ်ဖို့လည်းအချိန်မရှိ၊ အစားလည်းလျှော့မစားချင်ဘူးဆိုတဲ့သူတွေအတွက် အရမ်းထိရောက်တဲ့ နည်းလေးတွေရှိပါတယ်။ဘာတွေလည်းဆိုတော့ အသီးဖျော်ရည်တွေသောက်ဖို့ပါ။တစ်ပတ်နဲ့ ချက်ချင်းကိုယ်အလေးချိန်တွေ ကျမသွားနိုင်ပေမဲ့ တစ်ပတ်လောက်သောက်ပေးရင်ကို ကိုယ်တွင်းမှာရှိတဲ့ ပိုနေတဲ့ အဆီတွေ အဆိပ်အတောက်တွေကို ဖယ်ရှားပစ်နိုင်တဲ့ လွယ်ကူသက်သာတဲ့ နည်းလမ်းလေးတွေပါ။ မနက်တိုင်းအစာမစားခင်သောက်ပေးရင် အဆီပိုတွေကျပြီး ကျန်းမာစေပါတယ်။ ၁။ ဆီးသီးဖျော်ရည် ၁၀၀ ဂရမ်လောက်ဆီးသီးတွေဝယ်ထားပြီး ခရားတစ်လုံးထဲထည့်ပါ။ရေ ၂ လီတာဖြည့်ပါ။ရေခဲသေတ္တာထဲထည့်ထားပြီး ၁ ပတ်လောက်ကြာတဲ့အခါ ရေစစ်နဲ့ စစ်ထုတ်ပါ။ပြီးရင်တော့မနက်တိုင်း ၁ခွက်သောက်ပေးပါ။တစ်ခွက်ထက်တော့ပိုမသောက်ပါနဲ့။ဘာလို့လဲဆိုတော့ ဆီးသီးတွေမှာ အမျှင်ဓါတ်အများကြီးပါလို့ လိုတာထက်ပိုသောက်ရင် အကျိုးမရှိနိုင်ပါဘူး။ ၂။ သစ်ဂျပိုးခေါက်နဲ့ ပျားရည် ဖန်ခွက်ထဲရေအပြည့်ထည့်ပါ။ပျားရည်တစ်ဇွန်း ၊သစ်ဂျပိုးခေါက် လက်ဖက်ရည်ဇွန်းသာသာနဲ့ ရောထည့်ပြီးမွှေပါ။ မနက်တိုင်းတစ်ခွက်သောက်ပေးရင် သကြားဓါတ်ကိုထိန်းပေးပြီး အဆီပိုတွေကျစေပါတယ်။ ၃။ သံပုရာသီး၊ သံပယိုသီး နဲ့ Read more about ဖျော်ရည် ၅ မျိုးသောက်ပြီး အဆီပိုတွေကို နှုတ်ဆက်လိုက်ရအောင်[…]

အိန္ဒိယတွင် ငါးအရှင်ကို မျိုချပြီး ပန်းနာရင်ကြပ်ကုသမှု အလေ့ခေတ်စား

နိုင်ငံတောင်ပိုင်းက Hyderabad မြို့မှာ နှစ်စဉ် ဇွန်လရောက်တိုင်း နှစ်ရက်တာ ပြုလုပ်လေ့ရှိတဲ့ ယင်းထူးခြားတဲ့ အခမဲ့ ဆေးကုသမှုအစီအစဉ်မှာ ယင်းရက်တွေအတွင်း လူပေါင်း ၅,၀၀၀ ကျော် ရောက်ရှိလာခဲ့ကြပြီး ယင်းကုသမှုကို ခံယူကြပါတယ်။ ယင်းကုသမှုမှာတော့ ငါးအရှင်တစ်ကောင်စီကို ဆေးဝါးတစ်မျိုး သုတ်ပြီးတော့ မျိုချခိုင်းတာဖြစ်ပြီး အဲဒီလို မျိုချခြင်းက ပန်နာရင်ကြပ်ဝေဒနာကို ပျောက်ကင်းစေတယ်လို့ အယူရှိကြတာဖြစ်ပါတယ်။ အဆိုပါ ဆေးဝါးကုသမှုကို နိုင်ငံတစ်ဝှမ်းက လူထောင်နဲ့ချီ လာရောက်ကုသမှု ခံယူလျက်ရှိတယ်လို့ သိရပါတယ်။ Bathini Goud မိသားစုက ကြီးကြပ်လုပ်ဆောင်တဲ့ ယင်းပန်းနာကုသမှုမှာတော့ ငါးစင်တီမီတာ (နှစ်လက်မ) လောက်ရှိတဲ့ ငါးမျိုးစိတ်တစ်ခုကို ပန်းနာဝေဒနာသည်တွေကို နှာခေါင်းပိတ် မျိုချခိုင်းတာဖြစ်ပါတယ်။ အဆိုပါမိသားစုရဲ့ အဆိုအရတော့ လည်ချောင်းထဲ ရောက်သွားတဲ့ ငါးဟာ သူဆင်းသွားတဲ့ လမ်းတစ်လျှောက် ရှင်းလင်းသန့်ရှင်းပေးသွားပြီး အသက်ရှုလမ်းကြောင်းနဲ့ဆိုင်တဲ့ဝေဒနာတွေနဲ့အတူ Read more about အိန္ဒိယတွင် ငါးအရှင်ကို မျိုချပြီး ပန်းနာရင်ကြပ်ကုသမှု အလေ့ခေတ်စား[…]

ကြွက်များ အုပ်စုလိုက် ဝင်ရောက်ခြင်းမှာ သဘာဝဘေးအန္တရာယ်ဆိုးနှင့် သက်ဆိုင်ခြင်း မရှိဟုဆို

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်ဒေသရှိ ကျေးရွာများသို့ ကြွက်ကောင်ရေ သောင်းချီခန့် ဝင်ရောက်လာမှုမှာ သဘာဝဘေးအန္တရာယ် ကျရောက်မည့် နိမိတ်ဆိုးနှင့် လုံးဝသက်ဆိုင်ခြင်း မရှိကြောင်းနှင့် အဆိုပါကြွက်များတွင် ပလိပ်ရောဂါဖြစ်စေနိုင်သည့် သက်ရှိပိုးမွှားပါဝင်မှု မရှိဟု မြန်မာနိုင်ငံစိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲရုံးချုပ်မှ ကြွက်ဂေဟဗေဒပညာရှင်ဖြစ်သူ ဒေါက်တာညိုမီထွေးက ဇွန်လ ၆ ရက်နေ့တွင် သူမ၏ ဖေ့ဘုတ်စာမျက်နှာမှတဆင့် သတင်းထုတ်ပြန်ပေးထားသည်။ ကြွက်များ အလုံးအရင်းဖြင့် ဝင်ရောက်ခဲ့သည့် ကျေးရွာများ ပတ်ဝန်းကျင်တွင် လွန်ခဲ့သည့် နှစ်လဝန်းကျင်ခန့်က ဝါးသီးများ ကြွေကျခဲ့သဖြင့် ကြွက်များအတွက် အစာရေစာပေါများမှု ကြုံတွေ့ခဲ့ရသည်ဟု ဒေါက်တာညိုမီထွေးက ဆိုထားသည်။ ထိုကာလအတွင်း ပေါက်ဖွားခဲ့သည့် ကြွက်များမှာ ယခုအချိန်တွင် မိတ်လိုက်နိုင်သည့် အရွယ်သို့ ရောက်ရှိနေပြီး အစာရေစာ ရှားပါးလာသည့်အတွက် ကျေးရွာများသို့ အစာရှာထွက်ခြင်းဖြစ်သည်ဟု ဒေါက်တာညိုမီထွေးက ၎င်း၏ သုတေသနပြုတွေ့ရှိချက်ကို ထုတ်ပြန်ပေးခဲ့သည်။ Read more about ကြွက်များ အုပ်စုလိုက် ဝင်ရောက်ခြင်းမှာ သဘာဝဘေးအန္တရာယ်ဆိုးနှင့် သက်ဆိုင်ခြင်း မရှိဟုဆို[…]

ရန်ကုန်တွင် ယခင်နှစ်ထက် သွေးလွန်တုပ်ကွေး ငါးဆကျော် ပိုဖြစ်ဖွား၊ မိန်းကလေး အများဆုံး သေဆုံး

ရန်ကုန်၊ ဇွန် ၉ ရန်ကုန်တိုင်းဒေသကြီးတွင် သွေးလွန်တုပ်ကွေးရောဂါမှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အများဆုံး ဖြစ်ပွားနေသည့်အပြင် ယခင်နှစ် ဖြစ်ပွားနှုန်းထက် ငါးဆကျော် ပိုမိုဖြစ်ပွားနေပြီး မိန်းကလေး အများဆုံး သေဆုံးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အချက်အလက်များအရ သိရှိရသည်။ ရန်ကုန်တိုင်းတွင် ၂၀၁၆ ခုနှစ် နှစ်စမှ မေလထိ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၂၈၀ ဦးရှိပြီး သေဆုံးသူ လေးဦး ရှိခဲ့သော်လည်း ၂၀၁၇ ခုနှစ် အဆိုပါ ကာလတွင်မူ ရောဂါဖြစ်ပွားသူ ၁၄၇၇ ဦးရှိကာ သေဆုံးသူ ရှစ်ဦးရှိကြောင်း၊ ဇွန်လ ၈ ရက်နေ့အထိမူ ဖြစ်ပွားသူမှာ ၁၅၂၀ ဦးရှိပြီ ဖြစ်ကြောင်း၊ ယခုနှစ် သေဆုံးသူ ၈ ဦးတွင် ၇ ဦးမှာ မိန်းကလေးများ Read more about ရန်ကုန်တွင် ယခင်နှစ်ထက် သွေးလွန်တုပ်ကွေး ငါးဆကျော် ပိုဖြစ်ဖွား၊ မိန်းကလေး အများဆုံး သေဆုံး[…]

တနင်္လာနေ့မနက်ကို စိတ်လက်ပေါ့ပါးစွာနဲ့ ဘယ်လိုကျော်ဖြတ်ကြမလဲ

တနင်္လာနေ့မနက်တွေဟာ ရုံးသမားတွေအတွက် ရုံးတက်ရမှာ အပျင်းဆုံးနေ့ရက်တစ်ရက်ပါပဲ။ စနေ၊တနင်္ဂနွေ ၂ ရက်လုံးပိတ်ထားပြီးမှ ပြန်တက်ရတဲ့နေ့မှာ လန်းလန်းဆန်းဆန်းဖြစ်နေရမယ့်အစား ရုံးသမားအများစုက တနင်္လာနေ့လို့ဆိုလိုက်တာနဲ့ ရင်မောလွန်းတဲ့ခံစားချက်တွေ ဖြစ်တယ်လို့ဆိုပါတယ်။ ဒါကြောင့် ဒီတစ်ပတ်ရွေးချယ်ပေးထားတဲ့ဆောင်းပါးက ပိတ်ရက်မှာပျင်းထားသမျှ တနင်္လာနေ့မှာ လန်းဆန်းစေမယ့်နည်းလမ်းတွေအကြောင်းပါ။ သောကြာညတွေက ပျော်စရာကောင်းသလောက် တနင်္ဂနွေညရောက်လာပြီဆိုရင် စိတ်တွေက ယောင်ချောက်ခြားဖြစ်လာကြပါပြီ။ မနက်အစောကြီးထရတော့မယ်၊ ရုံးအချိန်အမီ ပြေးရတော့မယ်၊ အလုပ်တွေ ဘယ်ကစလုပ်ရမလဲ စတဲ့မေးခွန်းပေါင်းများစွာက ရုံးသမားတွေကို တနင်္လာနေ့မှာ စောင့်ကြိုနေတတ်ပါတယ်။ ဒါပေမယ့်လည်း ဒီအခြေအနေတွေကို ကျော်သွားပေးပါဆိုပြီး ကျော်ပြစ်လို့ကလည်းမရ။ ဒါကြောင့် တနင်္လာနေ့တွေကို စိတ်မညစ်ပဲ မနက်မိုးလင်းတည်းက လန်းဆန်းစေမယ့်နည်းလမ်းတွေရှိပါတယ်။ ပုံမှန်လုပ်သွားရင် တနင်္လာ မနက်ရောက်မှာ စိုးရိမ်တဲ့စိတ်တွေ လျော့နည်းသွားမှာပါ။ မနက်နိုးနိုးချင်း ရေတစ်ဖန်ခွက် သောက်ပါ။ မနက်နိုးတာနဲ့ ရေသောက်ခြင်းဟာ စိုးရိမ်နေတဲ့စိတ်ကို အထိုက်အလျောက် ပြေလျော့စေပါတယ်။ မနက်ထဖို့ Read more about တနင်္လာနေ့မနက်ကို စိတ်လက်ပေါ့ပါးစွာနဲ့ ဘယ်လိုကျော်ဖြတ်ကြမလဲ[…]

ရန်ကုန်တွင် ယခင်နှစ်ထက် သွေးလွန်တုပ်ကွေး ငါးဆကျော် ပိုဖြစ်ဖွား၊ မိန်းကလေး အများဆုံး သေဆုံး

ရန်ကုန်၊ ဇွန် ၉ ရန်ကုန်တိုင်းဒေသကြီးတွင် သွေးလွန်တုပ်ကွေးရောဂါမှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အများဆုံး ဖြစ်ပွားနေသည့်အပြင် ယခင်နှစ် ဖြစ်ပွားနှုန်းထက် ငါးဆကျော် ပိုမိုဖြစ်ပွားနေပြီး မိန်းကလေး အများဆုံး သေဆုံးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အချက်အလက်များအရ သိရှိရသည်။ ရန်ကုန်တိုင်းတွင် ၂၀၁၆ ခုနှစ် နှစ်စမှ မေလထိ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၂၈၀ ဦးရှိပြီး သေဆုံးသူ လေးဦး ရှိခဲ့သော်လည်း ၂၀၁၇ ခုနှစ် အဆိုပါ ကာလတွင်မူ ရောဂါဖြစ်ပွားသူ ၁၄၇၇ ဦးရှိကာ သေဆုံးသူ ရှစ်ဦးရှိကြောင်း၊ ဇွန်လ ၈ ရက်နေ့အထိမူ ဖြစ်ပွားသူမှာ ၁၅၂၀ ဦးရှိပြီ ဖြစ်ကြောင်း၊ ယခုနှစ် သေဆုံးသူ ၈ ဦးတွင် ၇ ဦးမှာ မိန်းကလေးများ Read more about ရန်ကုန်တွင် ယခင်နှစ်ထက် သွေးလွန်တုပ်ကွေး ငါးဆကျော် ပိုဖြစ်ဖွား၊ မိန်းကလေး အများဆုံး သေဆုံး[…]