ဟိုင်းကြီးကျွန်းဒေသသို့ ကြွက်များ ထောက်ချီဝင်သော်လည်း သီးနှံနှင့်စိုက်ခင်းများ မပျက်စီးဟုဆို

ပုသိမ်၊ ဇွန် ၈ ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းဒေသရှိ ကျေးရွာအချို့တွင် ကြွက်ဝမ်းဖြူများ အုပ်စုလိုက် ဝင်ရောက်လာသော်လည်း သီးနှံများနှင့် သီးနှံစိုက်ခင်းများ ပျက်စီးခြင်း မရှိကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးထွန်းအောင်ကျော်က ပြောကြားသည်။ ဇွန် ၈ ရက် မွန်းလွဲပိုင်းက တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှူးရုံးတွင် ပြုလုပ်သော ကြွက်များ ဝင်ရောက်မှုနှင့် ပတ်သက်သည့် ရှင်းလင်းပွဲတွင် တိုင်းဦးစီးဌာနမှူးက အထက်ပါအတိုင်း ပြောကြားသည်။ “ဧရာဝတီတိုင်းရဲ့ စိုက်ပျိုးရေး သဘောသဘာဝအရ သီးနှံစိုက်ပျိုးခြင်း ရာသီမဟုတ်ပါဘူး၊ သီးနှံစိုက်ခင်းတွေ သီးနှံတွေကို ကြွက်တွေက ဖျက်ဆီးတယ်၊ ဧကထောင်ချီပြီး ပျက်တယ်ဆိုတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ပြောင်းစိုက်ထားတာ၊ ပဲစိုက်ထားတာတွေ ရှိတယ်၊ ပျက်တယ်ဆိုလို့ လျော်ကြေးပေးရင် ပေးလို့ရအောင် စာရင်းပြုစုခိုင်းထားပါတယ်” ဟု တိုင်းဦးစီးဌာနမှူးက Read more about ဟိုင်းကြီးကျွန်းဒေသသို့ ကြွက်များ ထောက်ချီဝင်သော်လည်း သီးနှံနှင့်စိုက်ခင်းများ မပျက်စီးဟုဆို[…]

ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေကြောင်း သိရသည်။ မြန်မာနိုင်ငံအရှေ့ပိုင်းဒေသများတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဒေသများ၌ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေကြောင်း မိုးဇလ ၏ ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

ရန်ကုန်မြို့လယ်တွင် မြို့တော်ဝန် ဦးဆောင်၍ စုပေါင်းအမှိုက်ကောက်

Clean Yangon နှင့် ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီ ပူးပေါင်းပြီး အမှိုက်ကောက် လှုပ်ရှားမှုတစ်ခုကို ယနေ့ (ဇွန်လ ၁၁ ရက်) ညနေပိုင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး ဦးဆောင်ပြီး ကျောက်တံတားမြို့နယ်တွင် ပြုလုပ်ခဲ့သည်။ ယင်းအမှိုက်ကောက် လှုပ်ရှားမှုကို ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ Clean Yangon, YCDC အပါအဝင် ပရဟိတအဖွဲ့ ၄၀ ကျော် အပါအဝင် အလှမယ်များ၊အနုပညာရှင်များ၊ နိုင်ငံခြားသားများနှင့် ရန်ကုန်မြို့တော်သူ မြို့တော်သားများ ပူးပေါင်း၍ အမှိုက်ကောက်ခြင်းနှင့် အသိပညာပေးခြင်းများ ပြုလုပ်ခဲ့ကြသည်။ အမှိုက်ကောက်မည့်သူများသည် ရန်ကုန်မြို့တော် မဟာဗန္ဓလ ပန်းခြံရှေ့တွင် ဇွန်လ ၁၁ ရက် ညနေ ၃ နာရီတွင် စတင်စုဝေးပြီး အဖွဲ့များခွဲကာ ကျောက်တံတားမြို့နယ် အတွင်းနေရာများ သတ်မှတ်ကာ အမှိုက်ကောက်ခဲ့ကြခြင်း Read more about ရန်ကုန်မြို့လယ်တွင် မြို့တော်ဝန် ဦးဆောင်၍ စုပေါင်းအမှိုက်ကောက်[…]

ဘင်္ဂလားပင်လယ်အော် 03B မုန်တိုင်းငယ်ရဲ့ နောက်ဆုံးအခြေအနေ

နံနက်(၁ဝးဝ၉)နာရီ —————————————————————————– မုန်တိုင်းငယ် (03B)၏ အများဆုံးလေတိုက်နှုန်းမှာ 31 knots(36 mph) ရှိနေပါတယ်။ ဒီနေရာမှာ ကမ္ဘာ့မိုးလေဝသဌာနအသီးသီးမှ မုန်တိုင်းငယ်အင်အားအဆင့်သတ်မှတ်ပုံကို ဖေါ်ပြပေးလိုပါတယ်။ မြန်မာ……………(28-33)knots ဟောင်ကောင်….(22-33)knots အိန္ဒိယ…………..(28-33)knots တိုကျို(ဂျပန်)…….

မုန်တိုင်းငယ်ကို နာဆာက 96B အဖြစ် ကြေငြာ

ဇွန်လ ၁၁ရက် နံနက် ၆နာရီခွဲအချိန် တိုင်းထွာချက်များအပေါ် အခြေခံကာ နာဆာအဖွဲ့ကြီးက ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ကို 96B လို့အမည်ပေးလိုက်ပါတယ်။ နာဆာ၏ ထုတ်ပြန်ချက်အရ မုန်တိုင်းရဲ့အရှိန်ကြောင့် ရခိုင်ပြည်နယ် ကမ်းရိုးတန်းဒေသတွေမှာ လွန်ခဲ့တဲ့ (၂၄)နာရီအတွင်း မိုးရေချိန် (၃)လက်မကျော်ခန့်အထိ မိုးရွာသွန်းခဲ့ပြီး၊ ရခိုင်ပြည်နယ် အလယ်ပိုင်းဒေသအချို့မှာ ရေဖုံးလွှမ်းခံရဖို့ အလားအလာ အနည်းငယ်ရှိလာနေပြီဟု ဖော်ပြထားပါတယ်။ အခြားမုတ်သုံမိုးရွာသွန်းမှုအနေနဲ့ ဧရာဝတီတိုင်းတောင်ပိုင်း၊ ရန်ကုန်တိုင်းတောင်ပိုင်း၊ မွန်ပြည်နယ် နဲ့ ကရင်ပြည်နယ်တွေမှာလည်း လွန်ခဲ့တဲ့ (၂၄)နာရီအတွင်း မိုးရေချိန် (၁.၅ – ၃)လက်မအထိ ရွာသွန်းခဲ့ပြီး၊ ရန်ကုန်တိုင်း နဲ့ ဧရာဝတီတိုင်းတောင်ပိုင်းဒေသတွေမှာ ရေမြုပ်ခံရဖို့ အလားအလာတွေ များနေပြီလို့ ဖော်ပြထားကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောပါတယ်။ မုန်တိုင်း၏ အရှိန်ကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်း ကမ်းရိုးတန်းတလျှောက် Read more about မုန်တိုင်းငယ်ကို နာဆာက 96B အဖြစ် ကြေငြာ[…]

03B မုန်တိုင်းကြောင့် ရခိုင်ကမ်းရိုးတန်းတလျှောက် ရေယာဉ်များ လေဒဏ်၊ လှိုင်းဒဏ် သတိပြုရန်လို

မုန်တိုင်း 03B ၏ အရှိန်ကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်း ကမ်းရိုးတန်းတလျှောက် တစ်နာရီ မိုင်(၃၀-၃၅)မိုင်ခန့် လေပြင်းများတိုက်ခတ်နေသည့်အတွက် ကမ်းရိုးတန်းသွား ရေယာဉ်များ လေဒဏ် နဲ့ လှိုင်းဒဏ်ကို သတိပြုကြရန် မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးထားသည်။ မုန်တိုင်းဗဟိုချက်အနီး လှိုင်းအမြင့် (၁၃-၂၀) ပေခန့်အထိ ရှိလာနိုင်သည်ဟု ဆိုသည်။ မုန်တိုင်းငယ် (03B)၏ အများဆုံးလေတိုက်နှုန်းမှာ 31 knots(36 mph) ထိရှိနေကြောင်း ဇွန် ၁၁ ရက် နံနက် ၁ဝနာရီခန့်က ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။ မုန်တိုင်းငယ် (03B) သည် မြောက်ယွန်းယွန်းရပ်ကို ဦးတည်ရွေ့လျှားပြီး ဇွန်လ ၁၂ရက် ညနေပိုင်းတွင် အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်အနီးမှ ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်သွားမည်ဟု ၎င်းက ခန့်မှန်းထားသည်။ မုန်တိုင်းအရှိန်ကြောင့် ရခိုင်ပြည်နယ် နှင့် Read more about 03B မုန်တိုင်းကြောင့် ရခိုင်ကမ်းရိုးတန်းတလျှောက် ရေယာဉ်များ လေဒဏ်၊ လှိုင်းဒဏ် သတိပြုရန်လို[…]

ရန်ကုန်မြို့လယ်တွင် မြို့တော်ဝန် ဦးဆောင်၍ စုပေါင်းအမှိုက်ကောက်

Clean Yangon နှင့် ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီ ပူးပေါင်းပြီး အမှိုက်ကောက် လှုပ်ရှားမှုတစ်ခုကို ယနေ့ (ဇွန်လ ၁၁ ရက်) ညနေပိုင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး ဦးဆောင်ပြီး ကျောက်တံတားမြို့နယ်တွင် ပြုလုပ်ခဲ့သည်။ ယင်းအမှိုက်ကောက် လှုပ်ရှားမှုကို ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ Clean Yangon, YCDC အပါအဝင် ပရဟိတအဖွဲ့ ၄၀ ကျော် အပါအဝင် အလှမယ်များ၊အနုပညာရှင်များ၊ နိုင်ငံခြားသားများနှင့် ရန်ကုန်မြို့တော်သူ မြို့တော်သားများ ပူးပေါင်း၍ အမှိုက်ကောက်ခြင်းနှင့် အသိပညာပေးခြင်းများ ပြုလုပ်ခဲ့ကြသည်။ အမှိုက်ကောက်မည့်သူများသည် ရန်ကုန်မြို့တော် မဟာဗန္ဓလ ပန်းခြံရှေ့တွင် ဇွန်လ ၁၁ ရက် ညနေ ၃ နာရီတွင် စတင်စုဝေးပြီး အဖွဲ့များခွဲကာ ကျောက်တံတားမြို့နယ် အတွင်းနေရာများ သတ်မှတ်ကာ အမှိုက်ကောက်ခဲ့ကြခြင်း Read more about ရန်ကုန်မြို့လယ်တွင် မြို့တော်ဝန် ဦးဆောင်၍ စုပေါင်းအမှိုက်ကောက်[…]

စစ်တွေတွင် လက်ကိုင် အသံချဲ့စက်ဖြင့် မုန်တိုင်းသတိပေး

စံမောင်သန်း၊ စစ်တွေ နိရဉ်စရာ၊ မေ ၂၉ မိုရာဟု အမည်ပေးထားသည့် ဆိုင်ကလုန်းမုန်တိုင်းသည် ရခိုင်ပင်လယ် ကမ်းခြေ အနီးမှ ဖြတ်သန်းပြီး ဘင်္ဂလာဒေ့ရှ်နိုင်ငံ ပင်လယ်ကမ်းခြေ စစ်တကောင်းဒေသ အတွင်းသို့ နောက်ထပ် ၂၄ နာရီ အတွင်း ဖြတ်ကျော် ဝင်ရောက် တိုက်ခတ်နိုင်သည်ဟု ခန့်မှန်ထားရာ စစ်တွေမြို့ပေါ်တွင် အသံချဲ့စက်ငယ်ဖြင့် မုန်တိုင်းသတိပေးမှု ကြေညာလျက်ရှိသည်။ ယင်းသို့ကြော်ငြာရာတွင် ယနေ့ နေ့လယ်မှ စပြီး ၄၈ နာရီအတွင်း မုန်တိုင်ဖြတ်ကျော်မည်ဖြစ်ပြီး၊ မုန်တိုင်းဖြစ်ကျော်စဉ် လေသည် ၁ နာရီလျင် မိုင် ၅၀ မှ ၆၀ ထိ တိုက်ခတ်နိုင်ပြီး လှိုင်ကြီးနိုင်ပါကြောင်း၊ သို့အတွက် ပင်လယ်ပြင်သို့ မော်တော်ဘုတ်များ၊ စက်လှေများ၊ ငါးဖမ်းသေင်္ဘာများ မထွက်ခွာကြရန် စသဖြင့် လိုက်လံကြေညာ လျက်ရှိသည်။ Read more about စစ်တွေတွင် လက်ကိုင် အသံချဲ့စက်ဖြင့် မုန်တိုင်းသတိပေး[…]

၂၀၁၂ အရေးအခင်းတွင် သတ်ဖြတ်ခံခဲ့ရသော ကျောင်းအုပ်ဆရာကြီး ဦးမောင်ချမ်းသာ ကွယ်လွန်ခြင်း (၅) နှစ်ပြည့် အထိမ်းအမှတ် ကျင်းပ

အောင်ကျော်မင်း(မောင်တော) နိရဉ်စရာ၊ ဇွန် ၉ ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သော မောင်တောမြို့နယ် ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုများအတွင်း တပည့် ဖြစ်သူများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည့် သရီကုန်ဘောင် ကျောင်းအုပ်ဆရာကြီး ဦးမောင်ချမ်းသာ၏ (၅) နှစ်ပြည့် အောက်မေ့ဖွယ် အထိမ်းအမှတ် အခမ်းအနားကို သူသတ်ဖြတ်ခံခဲ့ရသည့် နှစ်ပတ်လည်နေ့ ဇွန်လ ၈ ရက်နေ့တွင် ကျင်းပခဲ့ကြသည်။ “ ဆရာကြီးမောင်ချမ်းသာဟာ အဲဒီတုန်းက သရီကုန်ဘောင်ကျောင်းအုပ်ဆရာကြီးဖြစ်ပါတယ်။ သူတို့ရွာကို ဘင်္ဂလီတွေ တုတ်တွေ၊ ဓါးတွေ လာရောက်တိုက်ခိုက်ပါတယ်။ တိုက်ခိုက်သူတွေအထဲမှာ သူစာပြခဲ့တဲ့ တပည့်တွေ အများကြီး ပါဝင်နေတာကို တွေ့တော့ သူဟန့်တားရင် ရနိုင်တယ်လို့ ယူဆပြီး ဒီလို မလုပ်ကြ ဖို့ သွားရောက်တားဆီးပါတယ်။ ဘာလက်နက်မှ မပါဘဲ သွားရောက် တောင်းပန်ဟန့်တားတာကို Read more about ၂၀၁၂ အရေးအခင်းတွင် သတ်ဖြတ်ခံခဲ့ရသော ကျောင်းအုပ်ဆရာကြီး ဦးမောင်ချမ်းသာ ကွယ်လွန်ခြင်း (၅) နှစ်ပြည့် အထိမ်းအမှတ် ကျင်းပ[…]