သူများကို ကူညီစရာ မလိုတော့တဲ့အချိန်ကျရင် ကိုယ့်ကိုကိုယ် ပြန်ကူညီမယ် (မခင်နှင်းကြည်သာ)

တစ်ကိုယ်တော် ပရဟိတသမားများ ကွန်ရက်ကို စတင်တည်ထောင်ခဲ့တဲ့သူ၊ လတ်တလောမှာ လူသူအရောက်အပေါက် နည်းပြီးတော့ မဖွံ့ဖြိုးသေးတဲ့ဒေသတွေကို လိုက်လံကူညီပေးနေတဲ့သူ သူကတော့ တစ်ကိုယ်တော် ပရဟိတသမားများ ကွန်ရက်က မခင်နှင်းကြည်သာပါ။ သူမကို ချစ်ခင်တဲ့သူတွေကတော့ အေးချမ်းတဲ့ဘဝမှာ သူမကို မြင်ချင်ကြတယ်။ ဒါပေမယ့် သူမရဲ့ သဘောထားကတော့ ဘယ်လိုရှိမလဲ။ မခင်နှင်းကြည်သာ မင်္ဂလာပါရှင့်။ ဟုတ် မင်္ဂလာပါ။ ညီမတို့ရဲ့ YOPE အစီအစဉ်မှာ မေးခွန်း ငါးခု မေးသွားမှာပေါ့နော်။ ဒါကတော့ ပထမမေးခွန်းပါ။ အစ်မ ဟိုတစ်လောက သာသနာ့ဘောင်ထဲ ဝင်သွားတာနဲ့ ပတ်သက်ပြီးတော့ အစ်မကို ချစ်ခင်တဲ့သူတွေက အပြီးဝင်ဖို့ ပြောကြတယ်လေ အဲလိုမျိုး သာသနာ့ဘောင်မှာ အေးချမ်းမှုကို ရှာဖွေဖို့အတွက် အစ်မ ဘယ်လိုအရာတွေကို စွန့်လွှတ်ရသလဲ။ အဓိကကတော့ သံယောဇဉ်ကို စွန့်လွှတ်ရတာပေါ့။ သံယောဇဉ်တွေ Read more about သူများကို ကူညီစရာ မလိုတော့တဲ့အချိန်ကျရင် ကိုယ့်ကိုကိုယ် ပြန်ကူညီမယ် (မခင်နှင်းကြည်သာ)[…]

သရုပ်ဆောင် ရွှေသမီးနှင့် တွေ့ဆုံခြင်း

သရုပ်ဆောင် ရွှေသမီးနှင့် တွေ့ဆုံပြီး မနုစာရီ ရုပ်ရှင်ဇာတ်ကားကို ရိုက်ဖို့ကြန့်ကြာနေတဲ့ အကြောင်းအရင်း၊ အနုပညာရှင်ဘဝ ဖြတ်သန်းမှု အမှတ်တရများ အကြောင်းနဲ့ သရုပ်ဆောင်ရဲတိုက်နဲ့ အနုပညာအလုပ်တွေ ပြန်လည် လက်တွဲလုပ်ကိုင်ချင်တယ်ဆိုတဲ့ အကြောင်းတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ Voice : မနုစာရီ ရုပ်ရှင်က ရိုက်မယ်လို့ ကြေညာထားပြီးမှ မရိုက်ဖြစ်သေးဘူးနော်။ ဘယ်လိုအခက်အခဲတွေ ရှိနေလို့လဲ။ STM : မနုစာရီကတော့ မရိုက်ဖြစ်သေးဘူး။ ဇာတ်ကားအတွက် လိုအပ်တဲ့ ဆက်တင်တွေကို ပြင်နေတာကြောင့်လည်း ပါတယ်။ ညီမကလည်း ကားရိုက်တွေ လက်ခံထားပြီးသား ရှိနေတော့ မနုစာရီဇာတ်ကား အတွက်ကို အချိန်မပေးဖြစ်သေးတာကြောင့်လည်း ပါပါတယ်။ ဒီကားရိုက်ဖို့က ပြင်ဆင်စရာတွေ အရမ်းများတယ်။ အရမ်းလည်း တာဝန်ကြီးပါတယ်။ ရှေ့မှာဆိုလည်း ဒီကားကို ရိုက်မယ်ဆိုပြီး စီစဉ်ဖူးတဲ့လူတွေ Read more about သရုပ်ဆောင် ရွှေသမီးနှင့် တွေ့ဆုံခြင်း[…]

ဆိုင်မွန်ကိုဝဲလ်နှင့်အတူ တေးသံသွင်းစာချုပ် ချုပ်ဆိုခဲ့သည့် One Direction အဖွဲ့ဝင် လူဝီတွမ်လင်ဆန်

One Direction အဖွဲ့အား လွန်ခဲ့သော ၂၀၁၀ ခုနှစ်က စတင်ပြီး၍ အောင်မြင်ကျော်ကြားအောင် မြေတောင် မြှောက်ပေးခဲ့သော X Factor အစီအစဉ်မှ ဒိုင်တစ်ဦးဖြစ်သည့် ဆိုင်မွန်ကိုဝဲလ်၏ ကုမ္ပဏီနှင့်အတူ လူဝီ တွမ်လင်ဆန် သည် ၁၈ လခန့် သက်တမ်းရှိသော တေးသံသွင်းစာချုပ် ချုပ်ဆိုခဲ့သည်။ “ကျနော်စာချုပ် ချုပ်ဆိုနိုင်တဲ့အတွက် အရမ်းကိုပျော်ရွှင်ပါတယ်။ ကျနော် Syco ဖျော်ဖြေရေး ကုမ္ပဏီနှင့်အတူ လက်တွဲသွားရမှာကို စိတ်လှုပ်ရှားနေပါတယ်။ ပြီးတော့ အမေရိကန်က RCA တေးသံသွင်းမှာရှိတဲ့ အဖွဲ့နဲ့အတူ လက်တွဲရမှာကိုလည်း ပျော်ရွှင်ပါတယ်” ဟု တွမ်လင်ဆန်က ပြောခဲ့သည်။ တွမ်လင်ဆန်သည် မကြာသေးခင်ကမှ Just Hold On ဟု အမည်ပေးထားသော သူ၏ တစ်ကိုယ်တော် တေးသီချင်းတစ်ပုဒ်ကို ဒီဂျေပညာရှင် စတိဗ်အေအိုကီနှင့်အတူ Read more about ဆိုင်မွန်ကိုဝဲလ်နှင့်အတူ တေးသံသွင်းစာချုပ် ချုပ်ဆိုခဲ့သည့် One Direction အဖွဲ့ဝင် လူဝီတွမ်လင်ဆန်[…]

အချစ်ကယုံကြည်စရာကိုးကွယ်စရာမကောင်းဘူးလို့ပြောတဲ့ အဆိုတော် မိစန္ဒီနဲ့ အင်တာဗျူး

မြန်မာနိုင်ငံရဲ့ ဂီတလောကမှာတော့ မိစန္ဒီဆိုတဲ့ကောင်မလေးဟာ ပရိသတ်တွေကြား မြန်မြန်ဆန်ဆန်ပဲ ထိုးဖောက်ဝင်ရောက်လာနိုင်ခဲ့ပြီးတဲ့နောက် အားပေးသူတွေ အများအပြားရှိသွားခဲ့ပါတယ်။ အခုဆိုရင် သူမရဲ့ တတိယ အယ်လ်ဘမ်တောင် ထွက်တော့မှာပါ။ သူမရဲ့တတိယစီရီးခွေက ဇွန်လ(၁၇)ရက်နေ့မှာ ထွက်မှာဖြစ်တဲ့အတွက် အခွေအကြောင်းနဲ့သူမရဲ့အချစ်ရေးလေးကို အခုလိုမေးဖြစ်ခဲ့ပါတယ်။ မေး – အခွေထွက်တဲ့နေ့မှာရော ပရိုမိုးရှင်းပွဲအတွက်ဘာတွေစီစဉ်ထားလဲ။ ဖြေ – ပရိုမိုးရှင်းအနေနဲ့ ဇွန်လ(၁၇)ရက်နေ့၊ လှည်းတန်းစင်တာမှာ ညနေ(၃)နာရီကနေ(၆)နာရီအထိ မိစန္ဒီတို့အနုပညာမောင်နှမတွေက လက်မှတ်ထိုးမယ်၊ သီချင်းတွေဆိုမယ်။ မွေးနေ့ကလည်း ဇွန်လ (၁၂ )ရက်နေ့ဆိုတော့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ မိစန္ဒီက အသဲလေး ကိတ်လေးကျွေးမယ်။ M150 ကလည်း အအေးတွေတိုက်မယ်။ပထမဆုံးဝယ်ယူတဲ့ ပရိသတ်အယောက် (၂၀၀)ကို အသဲလေး Logo ပါတဲ့ ဦးထုတ်လေးတွေလက်ဆောင်ပေးမယ်။အခြားအမှတ်တရလက်ဆောင်တွေလည်း စီစဉ်ထားပါတယ်။ ပျော်စရာကောင်းတဲ့ပွဲလေးတစ်ပွဲဖြစ်အောင် စီစဉ်ထားတဲ့အတွက် အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်။ မေး – သီချင်းစုစုပေါင်းဘယ်နှပုဒ်လောက်ပါလဲ။ Read more about အချစ်ကယုံကြည်စရာကိုးကွယ်စရာမကောင်းဘူးလို့ပြောတဲ့ အဆိုတော် မိစန္ဒီနဲ့ အင်တာဗျူး[…]

Holmen brand စက္ကူ တွေကို PAG (Myanmar) မှ မိတ်ဆက်

ဆွီဒင်နိုင်ငံ ၊ စပိန်နိုင်ငံတို့မှာ စက္ကူထုတ်လုပ်တဲ့ စက်ရုံတည်ထောင်ထားတဲ့ Holmen(Brand) ရဲ့ နောက်ဆုံးထုတ်ကုန် မိတ်ဆက်အခမ်းအနားကို ၂၀၁၅ ခုနှစ်၊ ဇူလိုင် ၄ ရက်က ရန်ကုန်မြို့၊ အထက်ပန်းဆိုးတန်းလမ်းမှာရှိတဲ့ Rose Garden Hotel မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါပွဲကို Holmen (Brand) ရဲ့ ဖြန့်ချိရေး Cellmark မှ တာဝန်ရှိသူတွေ၊ ၂၀၁၃ ခုနှစ် ကတည်းက Holmen နဲ့ လက်တွဲခဲ့တဲ့ P.A.G (Myanmar) မှ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။ ဒီပွဲပြုလုပ်ရခြင်းနဲ့ ပတ်သက်ပြီး P.A.G (Myanmar) ရဲ့ Managing Director ဦးကြည်မင်းက “Holmen ဟာ နိုင်ငံတကာဈေးကွက်ဝင် ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ဆွီဒင်နိုင်ငံ Read more about Holmen brand စက္ကူ တွေကို PAG (Myanmar) မှ မိတ်ဆက်[…]

ကေအိုင်စီအလွမ်း

စာရူး ပေရူး ရင်မှာ စူးခဲ့ လူးလွန့်ရတဲ့ကာလ ရင်ခတ်စာလွှာ ကေအိုင်စီမှာ ဖတ်ဖူးတယ်။ ကရင့်ရုပ်ပုံလွှာ ရောင်ဖြာတဲ့နေဝန်း ရင်မှာ သွန်းမိတော့ ချော့သိမ့်တေးတစ်ပုဒ်လို ဆိုရင်း………………. လွမ်းရင်းဖြင့်…………..။ စောယောင့်သာအဲဆန် KICနှစ် ၂၀ ပြည့်အမှတ်တရ။

‘ကျွန်’ ရုပ်ရှင်ဇာတ်ကား ပုဂံဒေသခံများ ကန့်ကွက်၊ အစိုးရ ခွင့်ပြုချက်ဖြင့် ရိုက်သည်ဟု ဒါရိုက်တာဆို

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေတွင် နေထိုင်သည့် ဒေသခံများ၏ ဂုဏ်သိက္ခါကို ကျဆင်းစေသည်ဟုဆိုသော ‘ကျွန်’ ရုပ်ရှင်ဇာတ်ကားနှင့် သက်ဆိုင်သူများကို ကန့်ကွက်ကြောင်း တိုင်ကြားစာကို ဇွန်လ ၁၀ ရက်နေ့တွင် ရုပ်ရှင်အစည်းအရုံးထံ ပေးပို့မည် ဖြစ်ကြောင်း ညောင်ဦးမြို့ အမှတ် (၅) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစန်းမောင်က ပြောကြားသည်။ အဆိုပါ ဇာတ်ကားကို ရိုက်ကူးသည့် ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်ကမူ ‘ကျွန်’ ရုပ်ရှင်ဇာတ်လမ်းနှင့် အမည်ကို ပြန်ကြားရေး ဝန်ကြီးဌာန ခွင့်ပြုချက်ဖြင့် ရိုက်ကူးခြင်း ဖြစ်ကြောင်း ပြောကြားသည်။ အမှတ် (၅) ရပ်ကွက်ရှိ မင်္ဂလာသာစည်ရပ်ကွက်ကို အခြေတည်၍ ရိုက်ကူးထားသည့် ယင်းဇာတ်ကားမှာ လူတန်းစား ခွဲထားမှုကို သရုပ်ဖော်ခြင်း၊ ဆင်းရဲနွမ်းပါးသော ဒေသခံအဖြစ် သရုပ်ဆောင်သည့် ဇာတ်ကောင်များ၏စရိုက်တွင် သမိုင်းတိကျမှု မရှိသော ဘုရားကျွန်နှင့် Read more about ‘ကျွန်’ ရုပ်ရှင်ဇာတ်ကား ပုဂံဒေသခံများ ကန့်ကွက်၊ အစိုးရ ခွင့်ပြုချက်ဖြင့် ရိုက်သည်ဟု ဒါရိုက်တာဆို[…]

လူငယ်တွေအတွက် စိတ်ဓါတ်ခွန်အားကို ဖြည့်ပေးဦးမည့် မိစန္ဒီ၏ အသဲလေး

တေးသံရှင်မိစန္ဒီ၏ တတိယမြောက်တစ်ကိုယ်တော်ခွေဖြစ်သည့် အသဲလေးအခွေမှာ လာမည့် ဇွန်လ ၁ရရက်တွင် ထွက်ရှိမည်ဖြစ်သည်။ အသဲလေးဆိုသည့် Title သီချင်းမှာ လူငယ်ကောင်မလေးများနှင့် တိုက်ဆိုင်မည့်သီချင်းဖြစ်ပြီး ယခုအခွေထဲတွင် လူငယ်များကို စိတ်ဓါတ်ခွန်အားပေးနိုင်မည့် သီချင်းများပါသည်ဟု တေးသံရှင်မိစန္ဒီက ပြောသည်။ ယခုအယ်လ်ဘမ်အသစ်မိတ်ဆက်ပွဲကို ဇွန်လ ရရက် နေ့လည်တစ်နာရီက Orchid ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။ “ဒီအခွေမှာ ရွက်လွှင့်ဆိုတာ မိုးထက်ရေးထားတာပေါ့။ ရေးကတည်းကတိုင်ပင်တယ်။ Hip Hop ပဲရေးမယ်။ ဒါပေမယ့်လည်း နားထောင်လိုက်ရင် စာသားတိုင်းက အဓိပ္ပါယ်ရှိတဲ့ဟာပေါ့။ ဘဝကဘယ်အချိန်သေမယ်မှန်းလဲမသိဘူး။ အခုဆိုရင်တွေ့နေရတယ် မိစန္ဒီတို့အရွယ်လေးတွေ သေသွားတာ ဆုံးသွားတာ အဲဒီလိုဆိုတော့အရမ်းခံစားရတယ်။ နောက်ပိုင်းမှာ မိစန္ဒီဘဝကို ပျော်ပျော်လေးနေတက်ပြီး အသက်ကြီးလာလို့လားမသိဘူး ရင့်ကျက်လာတယ်။ ဘဝအကြောင်းတွေပိုပြီးတော့ပေးချင်လာတယ် ပရိသတ်ကို။ ရွက်လွှင့်ဆိုလည်း ဘဝကိုပျော်ပျော်ကြီးရွက်လွှင့်မယ်။ ဘာတွေဖြစ်လာမယ်မှန်းလည်းမသိဘူး။ ပိုက်ဆံတွေ ဂုဏ်တွေ စည်းစိမ်တွေ Read more about လူငယ်တွေအတွက် စိတ်ဓါတ်ခွန်အားကို ဖြည့်ပေးဦးမည့် မိစန္ဒီ၏ အသဲလေး[…]

နိုင်ငံတကာ၊ မြန်မာ၊ ရခိုင် ဂီတ ဖလှယ်မှု ရခိုင်တွင် ပထမဆုံးအကြိမ်ပြုလုပ်

စံမောင်သန်း၊ စစ်တွေ နိရဉ်စရာ၊ မေ ၂၇ ရခိုင်သို့ ရောက်ရှိနေသည့် Myanmar Music Festival (မြန်မာဂီတပွဲတော်) အဖွဲ့မှ နိုင်ငံတကာ၊ မြန်မာ၊ ရခိုင် သုံးပွင့်ဆိုင် ဂီတ ဖလှယ်မှု ဖျော်ဖြေပွဲ တစ်ခုကို ပထမဆုံးအကြိမ် အဖြစ် စစ်တွေမြို့ ဦးဥတ္တမ ခန်းမတွင် ယနေ့ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့သည်။ “ မြန်မာဂီတဖျော်ဖြေပွဲ အဖွဲ့ရဲ့ ဂီတဆိုင်ရာ ဖလှယ်မှု လုပ်ငန်းကို လုပ်ဆောင်လာခဲ့တာ ၂၀၀၄ ခုနှစ်ကနဲ့ ဆိုရင် ၄ ကြိမ်မြောက် ဖြစ်ခဲ့ပါပြီ။ ရခိုင်ပြည်နယ် ဂီတပညာရှင်တွေနဲ့ ဖလှယ်မှု ပြုလုပ်တာကတော့ ဒီအကြိမ်ဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး နောက်ထပ်လည်း ဒီလိုမျိုး ဂီတဖလှယ်ပွဲတွေကို ပြုလုပ် ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု အဖွဲ့၏ ဒါရိုက်တာ Read more about နိုင်ငံတကာ၊ မြန်မာ၊ ရခိုင် ဂီတ ဖလှယ်မှု ရခိုင်တွင် ပထမဆုံးအကြိမ်ပြုလုပ်[…]

Myanmar Idol 2 ဆုရှင် သားငယ် ရခိုင်သို့ ဇွန်လ ၈ ရက်နေ့ လာမည်

မဘုကေ စစ်တွေ၊ မေ ၂၇ ရခိုင်ပရိသတ်များနှင့် တွေ့ဆုံရန် Myanmar Idol Season 2 ၏ Winner ဖြစ်သူ သားငယ်သည် စစ်တွေသို့ ဇွန်လ ၈ ရက်နေ့တွင် ရောက်ရှိလာမည်ဟု အေးငြိမ်းကုမ္ပဏီတာဝန်ခံ ဦးဦးထွန်းလှိုင်က နိရဉ်စရာသို့ ပြောသည်။ ကိုသားငယ်အား Myanmar Idol Season 2 တွင် အနိုင်ရရှိရန် ရခိုင်ပရိသတ် အများအပြားမှ vote ပေးထားသဖြင့် ရခိုင်ပရိသတ်များနှင့် တွေ့ဆုံရန်သာမက ကျေးဇူးတင်စကား ပြောကြားရန် လာရောက်ခြင်း ဖြစ်သည် ဟုလည်း သူက ဆက်လက်ပြောသည်။ ရခိုင်ပြည်နယ် စစ်တွေသို့ မရောက်ဖူးသေးသော သားငယ်အား အေးငြိမ်း ဆောက်လုပ်ရေးကုမ္ပဏီ မှ စပွန်ဆာပေးထားပြီး သားငယ်၏ ကုန်ကျစရိတ်များကို တာဝန်ယူမည် ဟုလည်း Read more about Myanmar Idol 2 ဆုရှင် သားငယ် ရခိုင်သို့ ဇွန်လ ၈ ရက်နေ့ လာမည်[…]