တရုတ်နိုင်ငံ တက္ကသိုလ်ဝင် စာမေးပွဲတွင် မသမာသည့် နည်းပညာပစ္စည်းမျိုးစုံ ဖမ်းဆီး

ပေကျင်း၊ ဇွန် ၈ တရုတ်နိုင်ငံ၌ ဇွန်လ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ (ကောင်းခေါင်) တွင် မသမာသည့် နည်းများဖြင့် စာမေးပွဲ ဖြေဆိုရန်အတွက် ကျောင်းသားများ ယူဆောင်လာသော နည်းပညာ ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။ ရဲတပ်ဖွဲ့က ဖမ်းဆီးသိမ်းမိထားသည့် ပစ္စည်းများကို ထုတ်ဖော်ပြသရာတွင် နာရီ၊ ခါးပတ်၊ ဖုန်းနှင့် ခဲဖျက်များအပြင် ဆက်သွယ်ရေးပစ္စည်းများကို ပုံဖျက်ပြီး ထည့်သွင်းယူဆောင်လာမှုကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။ ကမ္ဘာ့အခက်ဆုံး တက္ကသိုလ်ဝင် စာမေးပွဲတစ်ခုဟု နာမည်ကျော်သော ကောင်းခေါင်စာမေးပွဲကို ယခုနှစ်တွင် ဝင်ရောက်ဖြေဆိုသူပေါင်း ၉ ဒသမ ၄ သန်း ရှိကြောင်း Reuters တွင် ရေးသားထားသည်။ Read more about တရုတ်နိုင်ငံ တက္ကသိုလ်ဝင် စာမေးပွဲတွင် မသမာသည့် နည်းပညာပစ္စည်းမျိုးစုံ ဖမ်းဆီး[…]

ပြည်မြို့ရှိ အထက်တန်း(ခွဲ) ကျောင်းတွင် ကျောင်းသားတစ်ဦးကို စကေဘာဖြင့်ထိုး

ပြည်၊ ဇွန် ၈ ပြည်မြို့ ရွာဘဲရပ်ကွက် ရွှေဟင်္သာ အရှေ့ပေါက် မူယာပင် အခြေခံပညာအထက်တန်း (ခွဲ) ကျောင်းတွင် ဇွန်လ ၇ ရက် မွန်းလွဲ ၁၂ နာရီမိနစ် ၄၀ က အသက် ၁၇ နှစ်အရွယ် ကျောင်းသားကို အသက် ၁၆ နှစ် ဝန်းကျင် လူငယ်လေးဦးက စကေဘာဖြင့် ထိုးခဲ့ကြောင်း ပြည်မြို့မ ရဲစခန်းထံမှ သိရသည်။ အဆိုပါကျောင်းရှိ ဒုတိယတန်းတွင် ပညာသင်နေသော တူဖြစ်သူကို ၁၆ နှစ်အရွယ် ဦးလေးတော်စပ်သူ လူငယ်နှင့် အတူပါလာသူ သုံးဦးက စာသင်ချိန်တွင် မုန့်ကျွေးသဖြင့် အတန်းပိုင် ဆရာမက တားမြစ်ခဲ့ကြောင်း၊ ယင်းကြောင့် ဦးလေးနှင့် အတူပါလာသူ သုံးဦးက ဆဲဆိုပြီး ဆရာမကို ဆွဲရမ်းတွန်းထိုးမှုများ Read more about ပြည်မြို့ရှိ အထက်တန်း(ခွဲ) ကျောင်းတွင် ကျောင်းသားတစ်ဦးကို စကေဘာဖြင့်ထိုး[…]

လက်ရှိမှာ Branding ပိုင်းဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီထူထောင်ပြီး ကိုယ်တိုင်စိတ်ဝင်တစားဦးဆောင်လုပ်ကာ မိဘရဲ့လုပ်ငန်းတွေကို အမွေဆက်ခံဦးဆောင်လာနိုင်အောင် ကြိုးပမ်းနေတဲ့ Beyond Scaling Up ရဲ့ Branding Director Mr Calvin Pun နဲ့ တွေ့ဆုံဖြစ်ခဲ့ပါတယ်။ သူ့ရဲ့စီးပွားရေးပိုင်းဆု…

အမှတ် (H) ၊ လှိုင်မြင်းမိုရ်ကန်လမ်း၊ ကန်ရိပ်မွန်အိမ်ရာ၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း –၀၁ ၅၀၇၃၉၁ ~ ~၉၃ ၊ ဖက်စ် – ၀၁ ၅၀၇၃၉၀ အမှတ် (၄)၊ ၂၆ ဘီလမ်း၊ ၇၈ လမ်းနှင့် ၇၉ လမ်းကြား၊ မီးရထားတိုက်တန်း၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။ ဖုန်း – ၀၉၇၃၂၄၃၂၆၉ ၊ ၀၉၉၁၀၂၇၅၂၄

ရွှေပါရမီ ပညာရေးဖောင်ဒေးရှင်း တက္ကသိုလ်ပညာသင်ဆု ကျောင်းသား ၈၅ ဦးရရှိ

ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒါဓိက ဦးဆောင်သော ရွှေပါရမီ ပညာရေးဖောင်ဒေးရှင်း၏ ပဉ်စမအကြိမ်မြောက် တက္ကသိုလ်ပညာသင်ဆုချီးမြှင့်ပွဲတွင် တက္ကသိုလ်ကျောင်းသား ၈၅ ဦး ဆုရရှိခဲ့ကြောင်း အဆိုပါဖောင်ဒေးရှင်းထံမှ သိရှိရသည်။ နှစ်စဉ် တက္ကသိုလ်ပညာသင်ဆုများ ချီးမြှင့်ပေးနေသည့် အဆိုပါဖောင်ဒေးရှင်းသည် ယခု ၂၀၁၇ ခုနှစ်အတွက် တက္ကသိုလ်ပညာသင်ဆုရ ကျောင်းသူ၊ ကျောင်းသားများကို ယနေ့ (ဇွန်လ ၁၁ ရက်) ရန်ကုန်မြို့တွင် ဆုချီးမြှင့်ခဲ့သည်။ ဆေး၊ သွားဆေး၊ နည်းပညာ၊ သတင်းအချက်အလက် နည်းပညာ၊ ရတနာပုံ ဆိုက်ဘာစီးတီး၊ ရေကြောင်းပညာ၊ သူနာပြု၊ ပညာရေးတက္ကသိုလ်နှင့် ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် စသည့် တက္ကသိုလ် ၉ ခုမှ ဆရာဝန်၊ အင်ဂျင်နီယာ၊ ကျောင်းဆရာ၊ သူနာပြုနှင့် အနုပညာများ ပေါ်ထွန်းလာစေရန် ရည်ရွယ်သည်။ ရွှေပါရမီ ပညာရေး Read more about ရွှေပါရမီ ပညာရေးဖောင်ဒေးရှင်း တက္ကသိုလ်ပညာသင်ဆု ကျောင်းသား ၈၅ ဦးရရှိ[…]

ကျောင်းသားများထက် ၁၂ ဆ ပိုမြန်စွာတွက်ချက်နိုင်သော သင်္ချာစက်

AI ဟုခေါ်သည့် ဉာဏ်ရည်တုနှင့် စွမ်းဆောင်နိုင်စွမ်းမြင့်သော ကွန်ပျူတာများကို တီထွင်လာကြချိန်တွင် တရုတ်နိုင်ငံ ဇီချွမ်းပြည်နယ်၊ ချန်ဒူး၌ တက္ကသိုလ်မှ ပညာရှင်များ တီထွင်ထားသည့် သင်္ချာစက်က ကျောင်းသားများထက် ၁၂ ဆ ပိုမြန်စွာ သင်္ချာပုစ္ဆာများကို တွက်ချက်နိုင်ခဲ့ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။ Server ၁၁ လုံး ထည့်ထားသည့် သေတ္တာပုံစံအမြင့် တည်ဆောက်ထားသည့် ကွန်ပျူတာစက်ကြီးက ချန်ဒူးမြို့တွင် သင်္ချာကျောင်းသားများနှင့် အပြိုင်တွက်ချက်မှုများကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။ AI-Maths ဟု အမည်ပေးထားသည့် သင်္ချာတွက်စက်သည် ၂၂ မိနစ်အတွင်း အမှတ် ၁၅၀ ပေးထားသည့် သင်္ချာပုစ္ဆာများကို ကျောင်းသားများထက် ၁၂ ဆ စောပြီးကာ ၁၀၅ မှတ်အထိ မှန်ကန်စွာ ဖြေဆိုနိုင်ခြင်း ရှိခဲ့ကြောင်း Read more about ကျောင်းသားများထက် ၁၂ ဆ ပိုမြန်စွာတွက်ချက်နိုင်သော သင်္ချာစက်[…]

ရခိုင်ပြည်နယ်မှ ခရိုင်သုံးခုမှ သက်ကြီးရွယ်အိုများ အခြေခံစာတတ်မြောက်ရေး ပညာရေးဝန်ကြီးဌာနမှ ဆောင်ရွက်မည်

နောင်ခိုင်အောင် နိရဉ်စရာ၊ ဇွန် ၉ ရခိုင်ပြည်နယ်တွင် သက်ကြီးရွယ်အိုများအနေဖြင့် အခြေခံစာသင်ကြားနိုင်စေရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း ဆောက်ရွက် နေကြောင်း အခြေခံစာတတ်မြောက်ရေးကြီးကြပ်မှု ဗဟိုကော်မတီနာယက၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။ စစ်တွေမြို့ ဦးဥတ္တမခန်းမတွင် ဇွန်လ ၉ ရက်နေ့က ပြုလုပ်သည့် ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ် မြောက်ဦး၊ ကျောက်ဖြူနှင့် သံတွဲခရိုင်တို့၏ အခြေခံ စာတတ် မြောက်ရေး လုပ်ငန်း ဖွင့်ပွဲ အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ထိုသို့ ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။ “ရခိုင်ပြည်နယ်မှာ ရခိုင်ပြည်နယ်အစိုးအဖွဲ့နဲ့ ပညာရေးဝန်ကြီးဌာနက ပူးပေါင်း ဆောင်ရွက်တဲ့ မြောက်ဦး၊ ပြီးတော့ ကျောက်ဖြူ၊ ပြီးရင် သံတွဲခရိုင်တွေမှာ အခြေခံစာတတ်မြောက်ရေး လှုပ်ရှားမှုတွေဟာ Read more about ရခိုင်ပြည်နယ်မှ ခရိုင်သုံးခုမှ သက်ကြီးရွယ်အိုများ အခြေခံစာတတ်မြောက်ရေး ပညာရေးဝန်ကြီးဌာနမှ ဆောင်ရွက်မည်[…]

မိုးနဲ့အပြိုင် သားငယ် ဖြေဖျော်ပွဲ စစ်တွေပရိသတ် ထောင်ချီလာရောက်အားပေး

စံမောင်သန်း၊ စစ်တွေ နိရဉ်စရာ၊ ဇွန် ၁၀ ဇွန်လ ၉ ရက်နေ့ ညတွင် စစ်တွေမြို့ အာရီယာန် စားသောက်ဆိုင် မြက်ခင်းပြင် တွင် ပြုပ်လုပ်ခဲ့သည့် သားငယ်ဖျော်ဖြေပွဲတွင် မိုးရွာနေခဲ့သ်ာလည်း ပွဲမပျက်ဘဲ စစ်တွေပရိတ်သတ် ၂၀၀၀ ကျော်ခန့်က လာရောက် အားပေးခဲ့ကြသည်။ ထိုဖျော်ဖြေပွဲသို့ သားငယ်ချစ်ပရိသတ်များအပြင် ရခိုင်ပြည်နယ် ဝန်ကြီးတစ်ချို့နှင့် ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ကိုယ်တိုင် မိုးရေထဲတွင် လာရောက် အားပေးခဲ့ကြသည်ကို တွေ့ရှိရသည်။ ပွဲအစပိုင်းတွင် ပရိသတ် ၅၀၀၀-၆၀၀၀ ခန့် လာရောက်အားပေးခဲ့ကြပြီး သားငယ်မဖျော်ဖြေမီ မိုးရွာသဖြင့် ပရိသတ် ထက်ဝက်ခန့် အိမ်ပြန်ခဲ့ကြသော်လည်း ကျန်ပရိသတ်များက သားငယ်ဖျော်ဖြေသည်အထိ မိုးရေထဲတွင် ဆက်လက်စောင့်ဆိုင်း အားပေးခဲ့ကြသည်။ “ကျနော့်အနေနဲ့ ရခိုင်တစ်ပြည်နယ်လုံးကို သွားချင်နေတာကြာနေပါပြီ။ ကျနော့် မွေးရပ်မြေ မာန်အောင်၊ Read more about မိုးနဲ့အပြိုင် သားငယ် ဖြေဖျော်ပွဲ စစ်တွေပရိသတ် ထောင်ချီလာရောက်အားပေး[…]

၉.၆.၂၀၁၇ ကနေ ၁၅.၆.၂၀၁၇ အထိ ရန်ကုန်မြို့ မင်္ဂလာ ရုပ်ရှင်ရုံတွေမှာ ပြသမယ့် ဇာတ်ကားတွေ

ကျွန် ……. ဂမုန်းပွင့် (လှည်းတန်း-စံရိပ်ငြိမ်) – ၀၉၇၇၉၀၅၄၆၇၁၊ ၀၉၇၇၉၀၅၄၆၇၂ သမ္မတ – ၂၄၆၉၆၂ ၊ ၂၄၆၉၆၃ သွင် – ၃၇၂၅၉၄ ၊ ၃၈၈၀၃၃ မင်္ဂလာစံပြ – ၀၉၂၆၀၈၈၇၀၃၅ ၊ ၀၉၂၆၀၈၈၇၀၃၆ ၊ ၀၁၂၃၀၃၁၆၅ Top Royal ပါရမီ စိန်ဂေဟာ – ၀၉၄၂၀၁၈၆၂၉၁ ၊ ၀၉၄၂၀၁၈၆၂၉၂ Wonder Woman(3D) …………………………….. နေပြည်တော် – ၂၅၁၂၇၇၊ ၂၅၁၂၈၈၊ ၀၉၄၅၇၈၄၂၈၈၂၊ ၀၉၄၅၇၈၄၂၈၈၃ ရှေ့ဆောင် – ၂၅၂၁၁၃၊ ၃၈၈၀၃၄၊ ၀၉၄၅၇၈၄၂၈၈၀၊ ၀၉၄၅၇၈၄၂၈၈၁ Pirates Of The Caribbean Dead Men Tell No Read more about ၉.၆.၂၀၁၇ ကနေ ၁၅.၆.၂၀၁၇ အထိ ရန်ကုန်မြို့ မင်္ဂလာ ရုပ်ရှင်ရုံတွေမှာ ပြသမယ့် ဇာတ်ကားတွေ[…]