တရားခံပြေးအောင်ဝင်းခိုင်အား စုံစမ်းခဲ့သော်လည်း မတွေ့ရှိဟု နေပြည်တော်ရဲတပ်ဖွဲ့မှ လာရောက် ထွက်ဆို

ရန်ကုန်၊ ဇွန်လ ၉ ။ ။ ရှေ့နေဦးကိုနီ လုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး နေပြည်တော်ရှိ ပရဆေးဥယျာဉ်တွင် ပျောက်ဆုံးသွားခဲ့သော တရားခံပြေးအောင်ဝင်းခိုင်ကို စုံစမ်းရှာဖွေခဲ့သော်လည်း တွေ့ရှိခြင်းမရှိဟု နေပြည်တော်ရဲတပ်ဖွဲ့မှ လိုပြသက် သေလေးဦးက သက်သေအထောက်အထားများဖြင့် လာရောက်ထွက်ဆိုခဲ့ကြောင်း အထက်တန်းရှေ့နေ ဦးအောင်ခိုင်က ပြောသည်။ “ သူတို့ ရှာဖွေတယ် မတွေ့ရှိပါဘူး။ သူတို့ ပြည့်စုံစွာရှာဖွေတယ်။ သူတို့ ရဲတပ်ဖွဲ့က နယ်ခြားစောင့် ဂိတ် တွေ့မှာရော အပြည်ပြည်ဆိုင်ရာ စင်ကာပူတို့ ၊ အင်တာပိုတို့နဲ့ ပတ်သက်တဲ့၊ ထိုင်းတို့နဲ့ ပတ်သက်တဲ့ နိုင်ငံ တကာရဲတပ်ဖွဲ့နဲ့ ဆက်သွယ်ဆောင်ရွက်ချက်တွေရော ပြည့်ပြည့်စုံစုံပဲလုပ်ထားတဲ့ စာရွက်စာတမ်းတွေနဲ့ မေးထားတဲ့ အကြောင်းကို တင်ပြသွားပါတယ်”ဟု အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းတို့ဘက်မှ လိုက်ပါ ဆောင်ရွက်ပေးနေသည့် အထက်တန်းရှေ့နေ ဦးအောင်ခိုင်က ဆိုသည်။ Read more about တရားခံပြေးအောင်ဝင်းခိုင်အား စုံစမ်းခဲ့သော်လည်း မတွေ့ရှိဟု နေပြည်တော်ရဲတပ်ဖွဲ့မှ လာရောက် ထွက်ဆို[…]

ဒေသခံ စက်လှေတစ်စီးအား အမည်မသိသူ ၃ ဦး က ဓါးပြတိုက်

ဇွန်လ ၉ ။ ။ ဒေသခံ စက်လှေတစ်စီးအား အမည်မသိသူ လူ ၃ ဦး က ဓါးပြတိုက်မှုတစ်ခု ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ မြောက်ဦးမြို့ ဝသဲရပ်ကွက်နေ ဦးညွန့်သာအောင်သည် ဇွန် ၈ ရက် နံနက် ၂ နာရီ တွင် စက်လှေဖြင့် မြောက်ဦးမြို့နယ် ညောင်ပင်လှကျေးရွာမှ အပြန် မင်းပြားမြို့နယ် လောင်မီးကျေးရွာ အနီးတွင် စက်လှေအားရပ်နားပြီး အိပ်နေခဲ့သည်။ ထိုသို့ အိပ်နေစဉ် စက်လှေအနီးသို့ လှေတစ်စီးကပ်လာပြီး လှေပေါ်ပါ အမည်မသိသူ ၃ ဦး(စုံစမ်းဆဲ)မှ တုတ်၊ဓါး လက်နက်များ ကိုင်ဆောင်ပြီး ခြိမ်းခြောက်၍ စက်လှေပေါ် ပါလာသည့် တရုတ်နိုင်ငံလုပ် ရေစုပ်စက်ငယ် ၁ လုံး၊မျှင်တံပါ စက် ၁ Read more about ဒေသခံ စက်လှေတစ်စီးအား အမည်မသိသူ ၃ ဦး က ဓါးပြတိုက်[…]

စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုကို စီမံခန့်ခွဲမှု ပြစ်ဒဏ်ဖြင့် အရေးယူမည်

ရန်ကုန်၊ ဇွန် ၈ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းမှ မြို့နယ်များတွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ပါက အသစ်ရေးဆွဲထားသည့် စီမံခန့်ခွဲမှု ပြစ်ဒဏ်ဖြင့် ယခုနှစ်တွင် အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနထံမှ သိရသည်။ အဆိုပါ အမှိုက်စွန့်ပစ်ပါက စီမံခန့်ခွဲမှု ပြစ်ဒဏ်အရ အရေးယူနိုင်ရန် အမိန့်ညွှန်ကြားချက်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြထားပြီး ယခုအခါ တိုင်းဒေသကြီး အစိုးရအဖွဲ့က စီမံခန့်ခွဲမှု ပြစ်ဒဏ်အရ စီမံခန့်ခွဲဖို့ ညွှန်ကြားထားပြီး တရားဝင် ထုတ်ပြန်ဖို့သာ လိုတော့ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနက လက်ထောက်ဌာနမှူး ဦးဇော်ဝင်းနိုင်က ပြောကြားသည်။ “စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုကို စီမံခန့်ခွဲမှု ပြစ်ဒဏ်အရ အရေးယူဆောင်ရွက်ဖို့ လုပ်နေတယ်။ အမိန့်ညွှန်ကြားချက်နဲ့ အမိန့်ထုတ်မှာပေါ့။ အလက်ရှိ Read more about စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုကို စီမံခန့်ခွဲမှု ပြစ်ဒဏ်ဖြင့် အရေးယူမည်[…]

မန္တလေးတိုင်းဒေသကြီး အတွင်း၌ မော်တော်ယာဉ်များ အရှိန်လွန်မောင်းနှင်မှု အား စစ်ဆေးအရေးယူတော့မည်

အဆိုပါကိရိယာဖြင့် အရေးယူခြင်း ကို အမြန်လမ်းမကြီးများ၌ အသုံးပြု လျက်ရှိရာ ယခုအခါ မြို့တွင်းလမ်းများတွင် ပါ စစ်ဆေးအရေးယူမှုကို မကြာမီစတင် မည်ဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီး အတွက် speedometer (ကားပြေးနှုန်းတိုင်းကိရိယာ) ၁၄ ခုရရှိပြီးယာဉ်ထိန်းရဲ တပ်ဖွဲ့စုအလိုက် စစ်ဆေးအရေးယူမှုများ လုပ်ဆောင်ရာတွင် အသုံးပြုမည်ဖြစ် ကြောင်း သိရသည်။ မြို့တွင်း၌ တစ်နာရီ မိုင် ၃ဝ နှုန်း (၄၈ ကီလိုမီတာ) မောင်းနှင်ရမည်ဖြစ်ပြီး စာသင်ကျောင်းများတွင် ၁ဝ မိုင်နှုန်း၊ ဆေးရုံနှင့် အရေးကြီးနေရာများတွင် ၅ မိုင်နှုန်း စသည်ဖြင့် ဒေသအနေအထား အရလည်း ကန့်သတ်မှုများရှိပြီး လမ်းညွှန် အမှတ်အသားဆိုင်းဘုတ်များဖြင့် အသိ ပေးထားသည်။ ယင်းကိရိယာဖြင့် စစ်ဆေးအရေးယူ ခြင်းကို ယာဉ်တိုက်မှုဖြစ်ပွား ရာနေရာ များ၊ အရှိန်လွန် မောင်းနှင်တတ်သည့် Read more about မန္တလေးတိုင်းဒေသကြီး အတွင်း၌ မော်တော်ယာဉ်များ အရှိန်လွန်မောင်းနှင်မှု အား စစ်ဆေးအရေးယူတော့မည်[…]

လူကုန်ကူးခံရသူများအနက် ၃၇၅၂ ဦးတို့ကို ပြန်လည်လက်ခံ ရရှိပြီဟု ဆို

အဆိုပါ အခမ်းအနားတွင် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ကိုယ်စား အဖွင့် မိန့်ခွန်း ပြောကြားခဲ့သည့် လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ် မြင့်ထူးက “လူကုန်ကူးမှုဟာ နယ်စပ် ဖြတ်ကျော် ဖြစ်ပွားတတ်တဲ့ သဘာဝရှိတဲ့အတွက် နိုင်ငံ အချင်းချင်း ပူးပေါင်း ဆောင်ရွက်ရေးက အလွန်အရေးကြီးပါတယ်၊ ဒါကြောင့် ဒေသတွင်း သဘောတူညီမှုများ နိုင်ငံတကာ သဘောတူညီမှုများနဲ့အညီ လူကုန်ကူးမှု တိုက်ဖျက်ရေးကို မြန်မာနိုင်ငံက တက်ကြွစွာ ပါဝင် ဆောင်ရွက်လျက်ရှိပါတယ်” ဟု ပြောခဲ့သည်။ နေရပ်ထံ ပြန်လာသူများ တွေ့ဆုံပွဲ အခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်နော်သာဝါး မိန့်ခွန်းပြောနေစဉ် (ဆင်ဟွာ) နေရပ်ထံ ပြန်လာသူများ တွေ့ဆုံပွဲ အခမ်းအနားတွင် World Read more about လူကုန်ကူးခံရသူများအနက် ၃၇၅၂ ဦးတို့ကို ပြန်လည်လက်ခံ ရရှိပြီဟု ဆို[…]

ကျောက်မီးသွေးကန့်ကွက်သော ဒေသခံ ၁၃ ဦးကို တရားစွဲထားသည့်အမှု နှစ်နှစ်ကြာမှ ပြန်လည်စစ်

မော်လမြိုင်၊ ဇွန် ၁၀ အံဒင်ကျေးရွာတွင် ကျောက်မီးသွေးစက်ရုံ တည်ဆောက်ရေးနှင့် ပတ်သက်၍ လယ်ယာမြေ လာရောက် ဝယ်ယူသူဟု ယူဆသူများကို မောင်းထုတ်ခဲ့သော ဒေသခံ ၁၃ ဦးကို ရေးမြို့မရဲစခန်းတွင် ပုဒ်မ သုံးခုဖြင့် တရားစွဲထားခဲ့ပြီး ၂ နှစ်အကြာတွင် ရဲစခန်းမှ ပြန်လည်ခေါ်ယူ စစ်ဆေးလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ အခင်းဖြစ်စဉ်မှာ ဒေါ်ရီဌေးက နှီးကရုတ်ကျေးရွာရှိ ဦးတာတေးအိမ်တွင် တည်းခိုစဉ် အံဒင်ကျေးရွာမှ ဒေသခံများ လာရောက်ကာ ကျေးရွာမှ မောင်းထုတ်ခဲ့သဖြင့် ဦးတာတေးနှင့် ဒေါ်ရီဌေးတို့က ရာဇသတ်ကြီး ပုဒ်မ ၄၅၁ (ပိုင်နက်ကျူးလွန်မှု)၊ ၄၂၇ (အကျိုးပျက်စီးစေမှု)၊ ၅၀၆ (ခြိမ်းခြောက်မှု) တို့ဖြင့် အမှုဖွင့်ထားကြောင်း ရေးမြို့မရဲစခန်းထံမှ သိရသည်။ “အမှုဖွင့်ထားတာက ကြာလှပြီး၊ ၂၀၁၅ ခုနှစ်ကတည်းက၊ ကျွန်တော်မတိုင်ခင် Read more about ကျောက်မီးသွေးကန့်ကွက်သော ဒေသခံ ၁၃ ဦးကို တရားစွဲထားသည့်အမှု နှစ်နှစ်ကြာမှ ပြန်လည်စစ်[…]

၅၈ ယာဉ်တစ်စီး နှောက်ယှက်ခံရ

ရန်ကုန်၊ ဇွန် ၁၁ ။ ။ ရန်ကုန်မြို့တွင်း ပြေးဆွဲပေးနေသည့် YBS ၅၈ ယာဉ်တစ်စီးကို ကားတစ်စီးက လိုက်လံနှောက်ယှက်မှုတစ်ခုဖြစ်ပွားခဲ့သည်ဟု အဆိုပါယာဉ်လိုင်းမှ မန်နေဂျာ ဦးလှဌေးက မဇ္ဈိမသို့ အတည်ပြုပြောသည်။ “ဟုတ်ပါတယ်။ အခုတော့ အလုံရဲစခန်းမှာပါ\” ဟု ၎င်းကပြောဆိုသည်။ ဇွန်လ ၁၁ရက် နံနက် ၉နာရီခန့်တွင် မော်တင်ဂိတ်အနားရှိ ရွှေပုဇွန်မီးပွိုင့်နားတွင် မီးပွိုင့်စိမ်းနေသော်လည်း သံဃာတော်များ ဆွမ်းခံကြွနေသောကြောင့် အဆိုပါ YBS ၅၈ ကရပ်ပေးထားခဲ့သည်။ ယင်းသို့ ရပ်ထားစဉ် YBS ၅၈ ကားနောက်မှပါလာသည့် ပရိုဘောက်ယာဉ်တစ်စီးမှ ကျော်တက်ပိတ်ရပ်သည့် အပြုအမူမျိုးပြုလုပ်ခဲ့သည်ဟု YBS ၅၈ ယာဉ်မောင်းတစ်ဦးဖြစ်သူ ဦးကြည်မျိုးဇော်ကပြောသည်။ ပရိုဘောက်ယာဉ်ပေါ်တွင် လူ ၄ ဦးပါရှိလာပြီး ၎င်းတို့မှာ အဆိုပါဘတ်စ်ကားကို ဆဲဆိုသည့်အပြုအမူများကို ကားဂိတ်ဆုံးသည့် Read more about ၅၈ ယာဉ်တစ်စီး နှောက်ယှက်ခံရ[…]

ကျောက်မီးသွေးကန့်ကွက်သော ဒေသခံ ၁၃ ဦးကို တရားစွဲထားသည့်အမှု နှစ်နှစ်ကြာမှ ပြန်လည်စစ်

မော်လမြိုင်၊ ဇွန် ၁၀ အံဒင်ကျေးရွာတွင် ကျောက်မီးသွေးစက်ရုံ တည်ဆောက်ရေးနှင့် ပတ်သက်၍ လယ်ယာမြေ လာရောက် ဝယ်ယူသူဟု ယူဆသူများကို မောင်းထုတ်ခဲ့သော ဒေသခံ ၁၃ ဦးကို ရေးမြို့မရဲစခန်းတွင် ပုဒ်မ သုံးခုဖြင့် တရားစွဲထားခဲ့ပြီး ၂ နှစ်အကြာတွင် ရဲစခန်းမှ ပြန်လည်ခေါ်ယူ စစ်ဆေးလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ အခင်းဖြစ်စဉ်မှာ ဒေါ်ရီဌေးက နှီးကရုတ်ကျေးရွာရှိ ဦးတာတေးအိမ်တွင် တည်းခိုစဉ် အံဒင်ကျေးရွာမှ ဒေသခံများ လာရောက်ကာ ကျေးရွာမှ မောင်းထုတ်ခဲ့သဖြင့် ဦးတာတေးနှင့် ဒေါ်ရီဌေးတို့က ရာဇသတ်ကြီး ပုဒ်မ ၄၅၁ (ပိုင်နက်ကျူးလွန်မှု)၊ ၄၂၇ (အကျိုးပျက်စီးစေမှု)၊ ၅၀၆ (ခြိမ်းခြောက်မှု) တို့ဖြင့် အမှုဖွင့်ထားကြောင်း ရေးမြို့မရဲစခန်းထံမှ သိရသည်။ “အမှုဖွင့်ထားတာက ကြာလှပြီး၊ ၂၀၁၅ ခုနှစ်ကတည်းက၊ ကျွန်တော်မတိုင်ခင် Read more about ကျောက်မီးသွေးကန့်ကွက်သော ဒေသခံ ၁၃ ဦးကို တရားစွဲထားသည့်အမှု နှစ်နှစ်ကြာမှ ပြန်လည်စစ်[…]

ဆိုင်ကယ်တိုက်၍ လူသေမှု ဖြစ်သော်လည်း တပ်မတော်သားဖြစ်နေ၍ အရေးယူနိုင်ခြင်းမရှိသေး

နိရဉ်စရာ၊ ဇွန် ၉ မင်းပြားအခြေစိုက် အမှတ် (၃၇၉) တပ်ရင်းမှ တပ်သား တစ်ဦး၏ ဆိုင်ကယ်ဖြင့် တိုက်မိ၍ မင်းပြားမြို့၊ ပြည်တော်သာရပ်ကွက်မှ ဦးကျော်စိန်(ခ) ဦးဂျာဘို (၅၇) နှစ် သေဆုံးသွားသည်မှာ ၁၀ ရက်ခန့် ရှိနေပြီ ဖြစ်သော်လည်း ဆိုင်ကယ်တိုက်သူမှာ တပ်မတော်သား ဖြစ်နေသဖြင့် ယနေ့ထိ ဖမ်းဆီး အရေးယူနိုင်ခြင်း မရှိသေးကြောင်း ဆိုင်ကယ် အတိုက်ခံရ၍ သေဆုံးသွားသူ၏ မိသားစုများက ပြောသည်။ ယခုနှစ် မေလ ၃၁ ရက်နေ့ ညနေ ဂနာရီခန့်တွင် ဦးကျော်စိန်(ခ) ဦးဂျာဘို (၅၇) နှစ်သည် မင်ပြားမြို့ ဂမ်မရွာ ရပ်ကွက်၊ စွန်ရဲလမ်းဘေးတွင်စကားပြောနေစဉ် မင်းပြား အခြေစိုက် အမှတ် (၃၇၉) တပ်ရင်းမှ တပ်သား တစ်ဦးဖြစ်သူ Read more about ဆိုင်ကယ်တိုက်၍ လူသေမှု ဖြစ်သော်လည်း တပ်မတော်သားဖြစ်နေ၍ အရေးယူနိုင်ခြင်းမရှိသေး[…]