လူနှစ်ယောက်စီး မီနီရဟတ်ယာဉ် အောင်မြင်စွာ တီထွင်

လန်ဒန်၊ ဇွန် ၈ ချက်သမ္မတနိုင်ငံမှ ပညာရှင်တစ်ဦးသည် နှစ်ယောက်စီး အသေးစား မီနီရဟတ်ယာဉ် တစ်စီးကို တီထွင်နိုင်ခဲ့ပြီး ရဟတ်ယာဉ်နှင့် လေယာဉ်စွမ်းအင် နှစ်မျိုးဖြင့် ပျံသန်းပြနိုင်ခဲ့ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။ GyroDrive ဟု အမည်ပေးထားသော အသေးစား နှစ်ယောက်စီး ရဟတ်ယာဉ်လေးသည် ကောင်းကင်ပေါ် ပျံအတက်တွင် ရဟတ်ယာဉ်ကဲ့သို့ ဒေါင်လိုက်တက်သွားပြီး လေထဲတွင် ပန်ကာကို လှည့်ကာ လေယာဉ်အဖြစ် ရှေ့ဘက်ကို ဦးတည်ပျံသန်းနိုင်စေရန် တီထွင်ထားကြောင်း ယင်းသတင်းက ဆိုသည်။ အသေးစား နှစ်ယောက်စီး ယာဉ်သည် ၃၂၈ ပေ အမြင့်မှ တစ်နာရီလျှင် ၁၁၂ မိုင်နှုန်းဖြင့် လူနှစ်ယောက်ကို သယ်ယူနိုင်မည် ဖြစ်သောကြောင့် အမြန်ဆုံး ခရီးသည် ပို့ဆောင်ရေးများတွင် အသုံးပြုလာဖွယ် ရှိကြောင်း AFP တွင် Read more about လူနှစ်ယောက်စီး မီနီရဟတ်ယာဉ် အောင်မြင်စွာ တီထွင်[…]

ထိုင်းနိုင်ငံ ပို့ကုန်သွင်းကုန်ဘဏ် EXIM Thailand ရဲ့ မြန်မာနိုင်ငံကိုယ်စားလှယ်ရုံးဖွင့်လှစ်

ဇွန်လ ၉ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့ Sedona ဟိုတယ်မှာ ထိုင်းနိုင်ငံပို့ကုန်သွင်းကုန်ဘဏ် မြန်မာနိုင်ငံကိုယ်စားလှယ်ရုံးဖွင့်လှစ်ခြင်း အခမ်းအနားကို ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားမှာ ထိုင်းနိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Mr Apisak Tantivorawong မှ သဘာပတိအဖြစ် ကြီးမှူးဆောင်ရွက်ခဲ့ပါတယ်။ ထိုင်း-မြန်မာကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အစိုးရမူဝါဒကို ထောက်ခံအားပေးကာ ဒေသတွင်း CLMVT (ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်၊ ထိုင်း)နဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုးတက်မှုကို မြှင့်တင်တဲ့အနေနဲ့ ဒီအခမ်းအနားကို ထိုင်းနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးကိုယ်တိုင် ကြီးမှူးစီစဉ်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ အခမ်းအနားမှာ ထိုင်းနိုင်ငံဘဏ္ဍာရေးဝန်ကြီး၊ EXIM Thailand ရဲ့ ဒါရိုက်တာတွေ၊ အမှုဆောင်အဖွဲ့ဝင်တွေ၊ မြန်မာ့နိုင်ငံခြားကုန်သွယ်ရေးဘဏ် (MTFB) ရဲ့ မန်းနေးဂျင်းဒါရိုက်တာ ဦးညီဖြူလှ ၊ UMFCCI ဥက္ကဌ ဦးဇော်မင်းဝင်း၊ Read more about ထိုင်းနိုင်ငံ ပို့ကုန်သွင်းကုန်ဘဏ် EXIM Thailand ရဲ့ မြန်မာနိုင်ငံကိုယ်စားလှယ်ရုံးဖွင့်လှစ်[…]

ဇွန်လ (၅)ရက်နေ့မှ (၉)ရက်နေ့ထိ အပြောင်းအလဲဖြစ်ပေါ်ခဲ့သည့် ကုန်စည်ဈေးနှုန်းများ

ဒီတစ်ပတ်မှာတော့ မတ်ပဲ (FAQ/RC) က စံချိန်တင်ဈေးကျဆင်းသွားခဲ့ပေမယ့် ပဲစင်းငုံကတော့ ဈေးအတက်အကျ အပြောင်းအလဲ သိပ်မရှိပါဘူး။ ပဲတီစိမ်းကတော့ ဒီတစ်ပတ်မှာ ဈေးတက်လာပါတယ်။ မတ်ပဲ (FAQ/RC) စံချိန်တင်ဈေးကျဆင်း မတ်ပဲ မတ်ပဲက ဒီတစ်ပတ်မှာတော့ စံချိန်တင် ဈေးကျဆင်းမှုဖြစ်ပွားခဲ့ပါတယ်။ တစ်တင်းကို ၂၇၈၀၀ အထိ ဈေးကျဆင်းခဲ့ပါတယ်။ ဧပြီလကနေ စတင်ပြီး ဈေးကျဆင်းခဲ့တဲ့ မတ်ပဲက ဒီလမှာတော့ အနိမ့်ဆုံးဈေးကို ရောက်ရှိနေပါတယ်။ အိန္ဒိယနိုင်ငံမှာလည်း မတ်ပဲက သုံးပတ်ဆက်တိုက် ဈေးကျဆင်းနေတဲ့အခြေအနေမှာ ရှိနေပါတယ်။ အိန္ဒိယနိုင်ငံက ပြည်နယ်သုံးခုမှာ မတ်ပဲ အသစ်တွေ ဝင်ရောက်နေတဲ့အတွက် မြန်မာနိုင်ငံက မတ်ပဲက ဈေးတွေ ကျဆင်းနေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။ လက်ရှိ မတ်ပဲ ပေါက်ဈေးက ၂၀၁၆ ခုနှစ် ကာလ နဲ့ နှိုင်းယှဉ်လိုက်ရင် Read more about ဇွန်လ (၅)ရက်နေ့မှ (၉)ရက်နေ့ထိ အပြောင်းအလဲဖြစ်ပေါ်ခဲ့သည့် ကုန်စည်ဈေးနှုန်းများ[…]

တရားဝင် မြန်မာအလုပ်သမား ၂ဝ၈ ဦး ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ကတ်ချနဘူရိခရိုင်၊ ထမကန်မြို့ရှိ ကြက်သားစက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် တရားဝင်မြန်မာအ လုပ်သမား ၂ဝ၈ ဦးမှာ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (work-permit) များ မရှိဘဲ အလုပ်လုပ်ကိုင်နေသည်ကိုတွေ့ရှိခဲ့သဖြင့် ထိုင်းစစ်တပ်ပါဝင်သည့် စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးထိန်းသိမ်းမှုပြုလုပ်ခဲ့သည်ဟု ထိုင်းအခြေစိုက် အလုပ်သမားကူညီစောင့်ရှောက်ပေးနေသည့် အေအေစီအဖွဲ့နှင့် မြန်မာသံရုံးတာဝန်ရှိသူတို့က ဇွန်လ ၈ ရက်က မြန်မာတိုင်း(မ်)ကို ပြောခဲ့သည်။ ”အဓိကတော့ အလုပ်လုပ်ခွင့်လက်မှတ်ပါတဲ့နေရာနဲ့ လက်ရှိအလုပ်နေရာမတူလို့ ထိုင်းစစ်ဆေးရေး အဖွဲ့က သူတို့ဥပဒေအ တိုင်း ဖမ်းဆီးတာပါ” ဟုထိုင်းရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားကူညီရေး အဖွဲ့ အေအေစီမှ ကိုရဲမင်းက ပြောသည်။ ထို့အပြင် အဆိုပါ ကြက်သားစက်ရုံအတွင်းတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ဝဝ ကျော်ကျန်ရှိနေပြီး၊ စက်ရုံတာဝန်ရှိသူများက အလုပ်ခိုင်းစေနေကြသော်လည်း အလုပ်သမားများမှာ အလုပ်လုပ်ကိုင်ခွင့် လက်မှတ်များ မရရှိကြသေးသဖြင့် အလုပ်လုပ်ကိုင်ခွင့်ပေးရန် ငြင်းဆိုထားသည်ဟု ကိုရဲမင်းက ပြောသည်။ Read more about တရားဝင် မြန်မာအလုပ်သမား ၂ဝ၈ ဦး ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရ[…]

အစွန်းရောက်နှစ်ပါး

ဤတွင် အရင်းရှင်စနစ်နှင့် ပတ်သက်၍ စီးပွားရေးသီအိုရီ အသစ်ပေါ်သည်။ ယင်းသီအိုရီကို ဗြိတိသျပါရဂူကြီးလော့ဒ် မေနတ်ကိန်းက ပြုစုဖော်ထုတ်သဖြင့် ကိန်းသီအိုရီဟု ကျော် ကြားသည်။ လော့ဒ်ကိန်းက အရင်းရှင်စနစ်ကို ဖရီးမတ် ကက်ဖြင့် အခါခပ်သိမ်း မထိန်းချုပ်နိုင်တော့ပြီဟု ဖော်ထုတ် လိုက်သည်။ အရင်းရှင်စနစ်ကို အစိုးရ၏ဝင်ရောက်စွက်ဖက် မှုဖြင့် ကျားကန်ရမည်ဟု ဆိုသည်။ ဤအတိုင်းလည်း အစိုးရက ဝင်ကယ်ခဲ့သဖြင့် မဟာစီးပွားပျက်ကပ်ကြီး၏အလွန်ဆိုးဝါးသောအန္တရာယ်မှ လွတ်သွားသည်။ အရင်းရှင် စနစ် နာလန်ပြန်ထလာသည်။ စစ်စီးပွားရေးဖြင့် ဆက်လက် ပြီး အရင်းရှင်စနစ်ကို ဈေးကန်ပေးခဲ့သည်။ အိမ်ရာမြေကွက်အကျပ်အတည်းနှင့် ချေးငွေ အကျပ်အတည်းတို့ ပေါင်းဆုံပြီး အမေရိကန်တွင် မဟာစီး ပွားပျက်ကပ်ကြီး (Great Depression) ဆန်ဆန် ကပ် ဘေးကြီး ပေါ်လာသည်။ ပထမတော့ ဖရီးမတ်ကက်နည်းဖြင့် ဝိုင်းဝန်းဖြေရှင်းကြသည်။ ဖရီးမတ်ကက်နည်းဆိုသည်မှာ Read more about အစွန်းရောက်နှစ်ပါး[…]

ကျပ်သန်း ၇၈၄ သန်းကျော်ခန့်ရှိ အကောက်ခွန်မဲ့ ပစ္စည်းများအား ဇွန်လပထမအပတ် အတွင်း သိမ်းဆည်းရမိ

ထိုသို့ဖမ်းဆီးရမိမှုများ အနက် ထူးခြား ဖမ်းဆီး ရမိမှု ဖြစ်စဉ် အနေဖြင့် ဇွန် ၇ ရက်တွင် မြင်းခြံမြို့မှ မူဆယ်သို့ သွားရောက်မည့် ယာဉ်အား ၁၆ မိုင် ကျောက်ချော စစ်ဆေးရေး စခန်းမှ တားဆီး စစ်ဆေးရာ ပြောင်းအိတ်များ အောက်တွင် သိုဝှက် သယ်ဆောင်လာသည့် အင်ကြင်းကျောက်ဟု ယူဆရသော ကျောက်တုံး အရွယ်အစား မျိုးစုံ 1796 Kg ၊ ပြောင်းဆန်အိတ်(1×40)Kg အိတ် ၃၀၀ နှင့် သယ်ဆောင်လာသည့် ယာဉ် အပါအဝင် စုစုပေါင်း ခန့်မှန်း တန်ဖိုး ကျပ် ၂၅.၁၈၄ သန်းအား သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် ၊ လေဆိပ် Read more about ကျပ်သန်း ၇၈၄ သန်းကျော်ခန့်ရှိ အကောက်ခွန်မဲ့ ပစ္စည်းများအား ဇွန်လပထမအပတ် အတွင်း သိမ်းဆည်းရမိ[…]

၂၀၁၇ ကန့်လန့်ကာ၊ မြန်မာ့ပကတိစီးပွားနှင့် ခါးပတ်များ

၂၀၁၇ နှစ်လယ်တွင် ဆွဲဖွင့်လိုက်သည့် ရင်းနှီးမြှုပ်နှံမှုဖိုရမ် ကန့်လန့်ကာကြောင့် မြန်မာ့ပကတိ စီးပွားရေးကို ကွက်ကွက်ကွင်းကွင်း တွေ့မြင်ရပြီဖြစ်သည်။ လူရှေ့ထွက်ခဲလှသော မြန်မာ့ထိပ်သီးစီးပွားရေး အချို့၏ ဖွင့်ဟချက်များက မြန်မာနိုင်ငံ၏ ပကတိ အရှိတရား စီးပွားရေးကို မီးမောင်းထိုးပြလျက် ရှိသည်။ မြန်မာ့စီးပွားရေးလေယာဉ်ကြီးမှာ ပြေးလမ်းတွင် တစ်နှစ်ခွဲကြာ ပြေးနေပြီးနောက် အရှိန်အဟုန်ဖြင့် ပျံတက်တော့မည်ဟု ဆိုသော်လည်း အားနည်းချက်များကိုတော့ ဖုံးကွယ်၍ မရပေ။ လုပ်အားယိုစီးခြင်း မြန်မာ့ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၁၇ ကို နေပြည်တော်ရှိ MICC ၂ ခန်းမတွင် ဇွန်လ ၇ ရက်နှင့် ၈ ရက်၌ နှစ်ရက်ကြာ ပြုလုပ်ခဲ့သည်။ CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေး ဦးဆောင်သော မြန်မာ့ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MIDA) က ဦးဆောင်ကျင်းပခဲ့ခြင်းလည်း ဖြစ်သည်။ ဖွင့်ပွဲပထမနေ့တွင် Read more about ၂၀၁၇ ကန့်လန့်ကာ၊ မြန်မာ့ပကတိစီးပွားနှင့် ခါးပတ်များ[…]

ယခင်အစိုးရ၏ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ အသုံးစရိတ်များကို ပြန်လည်စစ်ဆေးမည်

ရန်ကုန်၊ ဇွန် ၁၀ ယခင်အစိုးရလက်ထက်က တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် သုံးစွဲခဲ့ကြသည့် ဒေသဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေ အသုံးစရိတ်များကို ခွင့်ပြုချက်များဖြင့် အသုံးပြုခဲ့ခြင်း ရှိမရှိကို ပြန်လည်၍ စစ်ဆေးသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးထံမှ သိရသည်။ ထိုသို့ ပြန်လည်စစ်ဆေးရာတွင် ရငွေနှင့် သုံးငွေများကို စစ်ဆေးသွားမည်ဖြစ်ပြီး ရငွေကို စစ်ဆေးရာ၌ ရသင့်ရထိုက်သည့်ငွေ ဟုတ်မဟုတ်နှင့် သုံးငွေကို စစ်ဆေးရာတွင် လွှတ်တော်နှင့် သက်ဆိုင်ရာ ဌာနများ၏ ခွင့်ပြုချက် ပါမပါကိုပါ စစ်ဆေးသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းက The Voice သို့ ပြောကြားသည်။ “အရင်က ရငွေ သုံးငွေကိုပဲ စစ်တယ်၊ အခု ရငွေကော သုံးငွေကော စစ်ဆေးတာလည်း ပါမယ်။ ရငွေထဲမှာ Read more about ယခင်အစိုးရ၏ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ အသုံးစရိတ်များကို ပြန်လည်စစ်ဆေးမည်[…]

ယခင်အစိုးရ၏ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ အသုံးစရိတ်များကို ပြန်လည်စစ်ဆေးမည်

ရန်ကုန်၊ ဇွန် ၁၀ ယခင်အစိုးရလက်ထက်က တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် သုံးစွဲခဲ့ကြသည့် ဒေသဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေ အသုံးစရိတ်များကို ခွင့်ပြုချက်များဖြင့် အသုံးပြုခဲ့ခြင်း ရှိမရှိကို ပြန်လည်၍ စစ်ဆေးသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးထံမှ သိရသည်။ ထိုသို့ ပြန်လည်စစ်ဆေးရာတွင် ရငွေနှင့် သုံးငွေများကို စစ်ဆေးသွားမည်ဖြစ်ပြီး ရငွေကို စစ်ဆေးရာ၌ ရသင့်ရထိုက်သည့်ငွေ ဟုတ်မဟုတ်နှင့် သုံးငွေကို စစ်ဆေးရာတွင် လွှတ်တော်နှင့် သက်ဆိုင်ရာ ဌာနများ၏ ခွင့်ပြုချက် ပါမပါကိုပါ စစ်ဆေးသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းက The Voice သို့ ပြောကြားသည်။ “အရင်က ရငွေ သုံးငွေကိုပဲ စစ်တယ်၊ အခု ရငွေကော သုံးငွေကော စစ်ဆေးတာလည်း ပါမယ်။ ရငွေထဲမှာ Read more about ယခင်အစိုးရ၏ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ အသုံးစရိတ်များကို ပြန်လည်စစ်ဆေးမည်[…]

ထိုင်း-မြန်မာကုန်သွယ်ရေးတွင် ဘတ်ငွေဖြင့် တိုက်ရိုက်ပေးချေနိုင်ရန် ထိုင်း ပို့ကုန်-သွင်းကုန်ဘဏ် လုပ်ကိုင်လို

ရန်ကုန်၊ ဇွန် ၁၀ ။ ။ မြန်မာနိုင်ငံတွင် ပထမဆုံးအနေဖြင့် နိုင်ငံခြားကိုယ်စားလှယ်ရုံးခွဲဖွင့်လှစ်ထားသော ထိုင်းဘဏ္ဍာရေးဝန်ကြီး ဌာနပိုင် ပို့ကုန်-သွင်းကုန်ဘဏ် (EXIM Bank) သည် ထိုင်း-မြန်မာနှစ်နိုင်ငံကြားကုန်သွယ်ရေးတွင် အမေရိကန်ဒေါ်လာကို အသုံးမပြုဘဲ ထိုင်းဘတ်ငွေနှင့် တိုက်ရိုက်ကုန်သွယ်လိုသည်ဟု ဘဏ်ဥက္ကဋ္ဌဖြစ်သူ ပီစစ်စရီဝတ္တန္နာက မဇ္ဈိမကို ပြောသည်။ “အမေရိကန်ဒေါ်လာကနေ ကျွန်တော်တို့ ငွေကြေးတွေကို ဘာကြောင့်လဲလှယ်နေရမှာလဲဗျ၊ ဘာဖြစ်လို့ နှစ်နိုင်ငံကြား တိုက်ရိုက်ငွေကြေးလဲလှယ်မှု မရှိတာလဲ၊ ဒီလိုသာ လုပ်နိုင်ရင် နှစ်နိုင်ငံစလုံးက လုပ်ငန်းရှင်တွေ ပိုပြီးကောင်းသွားလိမ့်မယ်” ဟု ဥက္ကဋ္ဌ ပီစစ်စရီဝတ္တန္နာက ဆိုသည်။ နှစ်နိုင်ငံကြား ငွေကြေးလဲလှယ်မှုပိုမိုကောင်းမွန်ရန်နှင့် ငွေဖြစ်လွယ်မှုများ ပိုမိုဖြစ်ထွန်းရန် ထိုင်းနှင့် မြန်မာဗဟိုဘဏ်တို့က ဆွေးနွေးနေကြသည်ကို သိရှိရသည်ဟု EXIM Bank ဥက္ကဋ္ဌက ပြောဆိုထားပြီး လာမည့် အချိန် ၂ Read more about ထိုင်း-မြန်မာကုန်သွယ်ရေးတွင် ဘတ်ငွေဖြင့် တိုက်ရိုက်ပေးချေနိုင်ရန် ထိုင်း ပို့ကုန်-သွင်းကုန်ဘဏ် လုပ်ကိုင်လို[…]