တိုးဂိတ်များ ငွေကြေး ပိုမိုကောက်ခံဟုဆို

အဝေးပြေး ကုန်တင်ယာဉ်ကြီးများ အနေနှင့် တန်အနည်းငယ်သာ တင်ဆောင်မောင်းနှင်သော်လည်း တန်အပြည့်နှုန်းများအတိုင်း တိုးဂိတ်များက ကောက်ခံခြင်းခံနေရကြောင်း ကုန်တင်ယာဉ်ပိုင်ရှင်များနှင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်းများက ပြောကြားသည်။ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီအောက်ရှိ BOT တိုးဂိတ်များကို ဖြတ်သန်းရာတွင် တန်ပိုကြေးများ ကောက်ခံမှုများ ရှိနေသည်ဟုဆိုကာ ကုန်တင်ယာဉ်ပိုင်ရှင်များနှင့် ကုန်စည် ပို့ဆောင်ရေး လုပ်ငန်းရှင်များက မန္တလေးမြို့ရှိ Community Center တွင် ဇွန်လ ၁၁ ရက်နေ့ မွန်းလွဲပိုင်းက ရှင်းလင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ “ကျွန်တော်တို့ကားပေါ်မှာ ကုန်တစ်တန်ပါလည်း ကုန်အပြည့်နှုန်း ပေးရတယ်။ သူတို့က ၁၂ ဘီးကား တစ်စီးကို ၂၇ ဒသမ ၉ တန် ခွင့်ပြုထားတယ်။ ဥပမာ- ၂၇ ဒသမ ၉ တန်ပါရင် သုံးသောင်းခွဲ ပေးရတယ်ဆိုပါဆို့။ Read more about တိုးဂိတ်များ ငွေကြေး ပိုမိုကောက်ခံဟုဆို[…]

စည်းကမ်းဖောက်သည့် ယာဉ်လိုင်းများကို ဖျက်သိမ်းပြီး ယာဉ်သစ်များဖြင့် ပြေးမည်

စည်းကမ်းဖောက်သည့် YBS တံဆိပ်တပ်ယာဉ်းလိုင်းများကို ဖျက်သိမ်းကာ တိုင်းအစိုးရအဖွဲ့က ဝယ်ယူထားသည့် ယာဉ်သစ်များဖြင့် ပြေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA ထံမှ သိရသည်။ ဇွန်လ ၉ ရက်က ကျန်ရှိသည့် ဘတ်စ်ကားသစ် ၃ဝဝ ထပ်မံ ရောက်ရှိခဲ့ပြီး ဇွန်လ ၁ဝရက်က ပြည်သူ့ရင်ပြင်၌ တရုတ်နိုင်ငံ YUTONG ကုမ္ပဏီမှ ဝယ်ယူထားသည့် ဘတ်စ်ကားအသစ် ၁ဝဝဝ စီးကို အစိုးရအဖွဲ့ထံ လွှဲပြောင်းအပ်နှံခဲ့သည်။ “ယာဉ်လိုင်းသာ ထောင်ထားတယ်။ ဒီကားနဲ့ပတ်သက်တာကို ဘာမှ တာဝန်မယူတာတွေ ရှိသလို စည်းကမ်းပိုင်း အရမ်းဖောက်တဲ့လိုင်းတွေ ရှိတယ်”ဟု YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ဆိုသည်။ YBS တံဆိပ်တပ်ယာဉ်လိုင်းများတွင် အချို့လိုင်းများသည် အဖြစ်လောက်သာ ယာဉ်လိုင်း ထောင်ထားကြောင်း၊ စည်းကမ်းဖောက်သည့် Read more about စည်းကမ်းဖောက်သည့် ယာဉ်လိုင်းများကို ဖျက်သိမ်းပြီး ယာဉ်သစ်များဖြင့် ပြေးမည်[…]