ချင်းပြည်နယ်တွင် စီးပွားဖြစ် ကော်ဖီ စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ ပျိုးပင် ၁၀ သိန်း စတင်စိုက်ပျိုး

ချင်းပြည်နယ်တွင် ကော်ဖီကို စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်နိုင်ရေး အတွက် ပျိုးပင် ၁၀ သိန်းကို ယခုနှစ်မှ စတင်ကာ စိုက်ပျိုးထားကြောင်း ကော်ဖီပျိုးပင်များကို စတင်စမ်းသပ် စိုက်ပျိုးနေသည့် ချင်းတိုင်းရင်းသားတစ်ဦး ဖြစ်သည့် မိုက်ကယ်စွန်းသက ပြောကြားသည်။ မိုက်ကယ်စွန်သ ဦးဆောင်ပါဝင်သည့် အဖွဲ့သည် ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ ချင်းပြည်နယ် မြောက်ပိုင်းရှိ မြို့နယ်များတွင် စိုက်ပျိုးထုတ်လုပ်နေသည့် ကော်ဖီများနှင့် ပတ်သက်၍ ကွင်းဆင်းသုတေသန ပြုလုပ်ခဲ့ရာတွင် အမည်ပေးရန် ခက်ခဲသည့် ကော်ဖီပင် အမျိုးအစား ၁၈ မျိုး ကျော် ရှိသည်ကို တွေ့ရှိခဲ့ရကြောင်း၊ ကော်ဖီပင် စိုက်ပျိုးရာတွင်လည်း မိမိအိမ်ခြံဝန်း အတွင်းမှာပင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းဖြစ်ပြီး တစ်နှစ်လျှင် တန် ၃၀ အထိသာ အများဆုံး ထုတ်လုပ်နိုင်သည်ကို တွေ့ရှိရကြောင်း Read more about ချင်းပြည်နယ်တွင် စီးပွားဖြစ် ကော်ဖီ စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ ပျိုးပင် ၁၀ သိန်း စတင်စိုက်ပျိုး[…]

လယ်ယာစိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်လာရန် တောင်သူလယ်သမားတွေ ရိုးမဘဏ်၌ ငွေချေးယူနိုင်တော့မည်

လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာရန် ရည်ရွယ်ပြီး ရိုးမဘဏ်နှင့် Rabo ဘဏ်တို့ပူးပေါင်းကာ တောင်သူလယ်သမားများကို ချေးငွေထုတ်ချေးပေးသည့် အစီအစဉ် စတင်နေပြီဖြစ်သည်။ ချေးငွေများကို ရိုးမဘဏ်များတွင် ချေးယူနိုင်မည်ဟုဆိုသော်လည်း အသေးစိတ်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။ မြန်မာ့လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် ရိုးမဘဏ်သည် နယ်သာလန်အခြေစိုက် Rabo ဘဏ်နှင့် ၂နှစ်ကြာပူပေါင်းဆောင်ရွက်ရန်အတွက် ဇွန်လ ရရက်နေ့က နှစ်ဦးသဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်သံအမတ်ကြီး Mr.Wouter Jurgens က \”ရိုးမဘဏ်နဲ့ပူးပေါင်းပြီး စီစဉ်နေတဲ့အရာတစ်ခုရှိပါတယ်။ ဘာလဲဆိုတော့တောင်သူတွေကို အငှားဝယ်ယူစနစ်ပေါ့။ အငှားဝယ်ယူစနစ်မှာ တောင်သူတွေက လယ်ယာသုံးပစ္စည်းတွေကို ဝယ်သုံးတဲ့အခါမှာ အရင်တုန်းကလိုဈေးကြီးကြီးနဲ့ ဝယ်သုံးစရာမလိုဘူး။ ပေးရတဲ့အရစ်ကို လျှော့ချပြီးတော့တောင်သူတွေက ပစ္စည်းတွေကို ဝယ်နိုင်အောင်ပံ့ပိုးပေးမယ်။ တောင်သူတွေက ဒီပစ္စည်းတွေကို ဝယ်လာနိုင်တဲ့အခါ အသုံးပြုခြင်းအားဖြင့် လယ်ယာဖွံ့ဖြိုးမှုကတိုးတက်လာမယ်။ တောင်သူတွေရဲ့ဘဝတွေကိုမြှင့်တင်နိုင်အောင် ကြိုးစားနေပါတယ်\” ဟု သူကဆက်ပြောသည်။ ရိုးမဘဏ်နှင့်ပူးပေါင်းပြီး Read more about လယ်ယာစိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်လာရန် တောင်သူလယ်သမားတွေ ရိုးမဘဏ်၌ ငွေချေးယူနိုင်တော့မည်[…]

မိုင်းဖြတ်တွင် တောင်သူ ၂၀ ရာခိုင်နှုန်းခန့်သာ စိုက်ပျိုးစရိတ် ချေးယူ

ကျိုင်းတုံ၊ ဇွန် ၁၀ ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ် အတွင်းရှိ ဒေသခံ တောင်သူများ စိုက်ပျိုးစရိတ် အဆင်ပြေစေရန်အတွက် လက်ရှိ မိုးစပါး စိုက်ပျိုးရာသီတွင် စတင်ထုတ်ချေးပေးခဲ့ရာ တောင်သူ ၂၀ ရာခိုင်နှုန်းခန့်သာ ချေးယူကြောင်း ကျိုင်းတုံမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးသက်လွင်က ပြောကြားသည်။ “မိုင်းဖြတ် လွှတ်တော်ကိုယ်စားလှယ်က တင်ပြတောင်းဆိုထားတဲ့အတွက် ဒီနှစ်ဘတ်ဂျက်မှာ ဧက ၄၀၀၀ ထုတ်ချေးပေးနိုင်ဖို့ သိန်းလေးထောင် ချထားပေးတယ်။ အခုအထိ ဧက ၂၀၀ ကျော်မှာ သိန်း ၃၀၀ ကျော်သာ ထုတ်ချေးကြတဲ့အတွက် ကျန်တဲ့ငွေတွေ ပြန်အပ်ရတော့မလို ဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။ ပြည်နယ်အတွင်းရှိ ဒေသခံ တောင်သူလယ်သမားများ စိုက်ပျိုးစရိတ် အဆင်ပြေစေရန်အတွက် ကျိုင်းတုံမြို့တွင် လယ်ယာဖွံ့ဖြိုးရေးဘဏ် တည်ဆောက်ပြီး Read more about မိုင်းဖြတ်တွင် တောင်သူ ၂၀ ရာခိုင်နှုန်းခန့်သာ စိုက်ပျိုးစရိတ် ချေးယူ[…]

ဂျပန်ဈေးကွက်ဝင် နှမ်းနက်ဧက ၃ သောင်းကျော် ပွင့်ဖြူတွင် စိုက်ပျိုး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း၌ ဂျပန်နိုင်ငံက ဈေးကွက်ဝင် နှမ်းနက် (စမုန်) မျိုး ဧကပေါင်း သုံးသောင်းကျော် စိုက်ပျိုးထားပြီး တစ်ဧကလျှင် ၁၅ တင်းမှ တင်း၂၀ အထိ ထွက်ရှိမည်ဟု ခန့်မှန်းထားကြောင်း စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။ ပွင့်ဖြူမြို့နယ်သည် ဧရာဝတီမြစ်နှင့် မုန်းချောင်းဝန်းကျင်ဒေသတွင်း၏ စိုက်ပျိုးရေး မြို့တော်ဖြစ်သည်နှင့်အညီ စိုက်ပျိုးရေး သင်တန်းကျောင်းလည်းရှိကာ အော်ဂဲနစ်စိုက်ကွင်းများအဖြစ်သို့ ပြောင်းလဲနိုင်ရေးအတွက် ဦးတည်ဖော်ဆောင်နိုင်ရန် ကြိုးပမ်းနေသည့် မြို့နယ်တစ်ခုလည်းဖြစ်သည်။ “နှမ်းနက်(စမုန်)က ဈေးကွက်မှာ မျက်နှာပန်းလှတဲ့အတွက် ဈေးကွက်မှာ အခြားနှမ်းမျိုးတွေထက် ဈေးလည်း ပိုရတယ်။ လာမည့်ရာသီတွေမှာ ဂျပန်နိုင်ငံကို တင်ပို့နိုင်ရေးအတွက် အော်ဂဲနစ်စိုက်ကွင်းတွေ ဖော်ဆောင်ပြီး ဒီထက်မက တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် စီစဉ်နေပါတယ်”ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေး မန်နေဂျာ ဦးလှိုင်မြင့်က ပြောဆိုသည်။ ပွင့်ဖြူမြို့နယ်တွင် ယခုအချိန်၌ နှမ်းသီးနှံများ ရိတ်သိမ်းနိုင်ရန် Read more about ဂျပန်ဈေးကွက်ဝင် နှမ်းနက်ဧက ၃ သောင်းကျော် ပွင့်ဖြူတွင် စိုက်ပျိုး[…]