၃၂ လမ်းနောက်ဖေးလမ်းကြားကို အလှဆင်ပြီး ရေရှည်တည်တံ့အောင် ထိန်းသိမ်းမည်

ရန်ကုန်၊ ဇွန် ၉ ။ ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့အမီ ဖွင့်လှစ်ဖို့လုပ်ဆောင်ထားတဲ့ အမှိုက်ကင်းစင်ရေးရည်ရွယ်တဲ့ နောက်ဖေးလမ်းကြားဥယျာဉ်ငယ်ကို ရာသီဥတုအခြေနေတွေနဲ့ အခက်အခဲတချို့ကြောင့် ဇွန်လကုန်မှာ ဖွင့်နိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ ပန်းပဲတန်းမြို့နယ် ၃၁ လမ်းနှင့် ၃၂ လမ်း အလယ်ဘလောက်က နောက်ဖေးလမ်းကြားတစ်ခု ကို အလှဆင်တဲ့ပြင်ဆင်မှုတွေ စလုပ်နေပြီး ရေရည်တည်တံအောင် ထိန်းသိမ်းသွားမယ်လို့ ရန်ကုန်တိုင်းလွှတ်တော်အမတ် ပန်းဘဲတန်းမဲဆန္ဒနယ်မှ ဦးသန်းနိုင်ဦးက ပြောပါတယ်။ ဒီ ၃၂ နောက်ဖေးလမ်းကြားမှာ အလှဆင်ဖို့ကို ပြင်ဆင်နေတာ ၂၄ ရက်လောက်ရှိပြီလို့ သိရပါတယ်။ \” ဒီဟာက နောက်ဖေးလမ်းကြားကို အမှိုက်မပစ်အောင်လုပ်တာ တကယ့်ကို အပန်းဖြေရအောင်တော့ လိုပါသေးတယ်။ ရေရှည်ပေါ့ အစ်ကိုတို့ကတော့ တာဝန်ယူနေတဲ့ သက်တမ်းကာလ အခုဆို ၄ နှစ် ကျန်နေသေးတယ်။ ၄ Read more about ၃၂ လမ်းနောက်ဖေးလမ်းကြားကို အလှဆင်ပြီး ရေရှည်တည်တံ့အောင် ထိန်းသိမ်းမည်[…]

ဆိုင်မွန်ကိုဝဲလ်နှင့်အတူ တေးသံသွင်းစာချုပ် ချုပ်ဆိုခဲ့သည့် One Direction အဖွဲ့ဝင် လူဝီတွမ်လင်ဆန်

One Direction အဖွဲ့အား လွန်ခဲ့သော ၂၀၁၀ ခုနှစ်က စတင်ပြီး၍ အောင်မြင်ကျော်ကြားအောင် မြေတောင် မြှောက်ပေးခဲ့သော X Factor အစီအစဉ်မှ ဒိုင်တစ်ဦးဖြစ်သည့် ဆိုင်မွန်ကိုဝဲလ်၏ ကုမ္ပဏီနှင့်အတူ လူဝီ တွမ်လင်ဆန် သည် ၁၈ လခန့် သက်တမ်းရှိသော တေးသံသွင်းစာချုပ် ချုပ်ဆိုခဲ့သည်။ “ကျနော်စာချုပ် ချုပ်ဆိုနိုင်တဲ့အတွက် အရမ်းကိုပျော်ရွှင်ပါတယ်။ ကျနော် Syco ဖျော်ဖြေရေး ကုမ္ပဏီနှင့်အတူ လက်တွဲသွားရမှာကို စိတ်လှုပ်ရှားနေပါတယ်။ ပြီးတော့ အမေရိကန်က RCA တေးသံသွင်းမှာရှိတဲ့ အဖွဲ့နဲ့အတူ လက်တွဲရမှာကိုလည်း ပျော်ရွှင်ပါတယ်” ဟု တွမ်လင်ဆန်က ပြောခဲ့သည်။ တွမ်လင်ဆန်သည် မကြာသေးခင်ကမှ Just Hold On ဟု အမည်ပေးထားသော သူ၏ တစ်ကိုယ်တော် တေးသီချင်းတစ်ပုဒ်ကို ဒီဂျေပညာရှင် စတိဗ်အေအိုကီနှင့်အတူ Read more about ဆိုင်မွန်ကိုဝဲလ်နှင့်အတူ တေးသံသွင်းစာချုပ် ချုပ်ဆိုခဲ့သည့် One Direction အဖွဲ့ဝင် လူဝီတွမ်လင်ဆန်[…]

တီဟီရန် တိုက်ခိုက်သူများသည် အီရန်တွင် IS အဖွဲ့က စုဆောင်းထားသူဟု အတည်ပြု

တီဟီရန်၊ ဇွန် ၈ တီဟီရန်တွင် လူ ၁၂ ဦး သေဆုံးသော တိုက်ခိုက်မှုကို ကျူးလွန်သူများမှာ IS အဖွဲ့သို့ ဝင်ရောက်ထားသူ အီရန်လူမျိုးများ ဖြစ်သည်ဟု အီရန်နိုင်ငံက ပြောကြားလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။ အသေခံ ဗုံးခွဲသူများသည် ပါလီမန်နှင့် ခါမေနီဂူဗိမာန်တို့ကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ တိုက်ခိုက်သူအားလုံး သေဆုံးသွားပြီး တတိယမြောက် တိုက်ခိုက်မှုကို စီစဉ်နေသူ ငါးဦးကို ဖမ်းဆီးရမိသည်ဟု တာဝန်ရှိသူများက ပြောကြားသည်။ တိုက်ခိုက်မှု၏ နောက်ကွယ်တွင် ဆော်ဒီနှင့် အမေရိကန်တို့ ရှိသည်ဟု အီရန် တော်လှန်ရေး အစောင့်တပ်က စွပ်စွဲထားသည်။ ဆော်ဒီဦးဆောင်သော အာရပ်နိုင်ငံများက ကာတာနိုင်ငံအား အဆက်အသွယ် ဖြတ်တောက်မှုကြောင့် တင်းမာမှုများ ဖြစ်ပေါ်နေသည့် အချိန်တွင် တီဟီရန် တိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့သည်။ Read more about တီဟီရန် တိုက်ခိုက်သူများသည် အီရန်တွင် IS အဖွဲ့က စုဆောင်းထားသူဟု အတည်ပြု[…]

တီဟီရန် တိုက်ခိုက်သူများသည် အီရန်တွင် IS အဖွဲ့က စုဆောင်းထားသူဟု အတည်ပြု

တီဟီရန်၊ ဇွန် ၈ တီဟီရန်တွင် လူ ၁၂ ဦး သေဆုံးသော တိုက်ခိုက်မှုကို ကျူးလွန်သူများမှာ IS အဖွဲ့သို့ ဝင်ရောက်ထားသူ အီရန်လူမျိုးများ ဖြစ်သည်ဟု အီရန်နိုင်ငံက ပြောကြားလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။ အသေခံ ဗုံးခွဲသူများသည် ပါလီမန်နှင့် ခါမေနီဂူဗိမာန်တို့ကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ တိုက်ခိုက်သူအားလုံး သေဆုံးသွားပြီး တတိယမြောက် တိုက်ခိုက်မှုကို စီစဉ်နေသူ ငါးဦးကို ဖမ်းဆီးရမိသည်ဟု တာဝန်ရှိသူများက ပြောကြားသည်။ တိုက်ခိုက်မှု၏ နောက်ကွယ်တွင် ဆော်ဒီနှင့် အမေရိကန်တို့ ရှိသည်ဟု အီရန် တော်လှန်ရေး အစောင့်တပ်က စွပ်စွဲထားသည်။ ဆော်ဒီဦးဆောင်သော အာရပ်နိုင်ငံများက ကာတာနိုင်ငံအား အဆက်အသွယ် ဖြတ်တောက်မှုကြောင့် တင်းမာမှုများ ဖြစ်ပေါ်နေသည့် အချိန်တွင် တီဟီရန် တိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့သည်။ Read more about တီဟီရန် တိုက်ခိုက်သူများသည် အီရန်တွင် IS အဖွဲ့က စုဆောင်းထားသူဟု အတည်ပြု[…]

သရုပ်ဆောင် ရွှေသမီးနှင့် တွေ့ဆုံခြင်း

သရုပ်ဆောင် ရွှေသမီးနှင့် တွေ့ဆုံပြီး မနုစာရီ ရုပ်ရှင်ဇာတ်ကားကို ရိုက်ဖို့ကြန့်ကြာနေတဲ့ အကြောင်းအရင်း၊ အနုပညာရှင်ဘဝ ဖြတ်သန်းမှု အမှတ်တရများ အကြောင်းနဲ့ သရုပ်ဆောင်ရဲတိုက်နဲ့ အနုပညာအလုပ်တွေ ပြန်လည် လက်တွဲလုပ်ကိုင်ချင်တယ်ဆိုတဲ့ အကြောင်းတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ Voice : မနုစာရီ ရုပ်ရှင်က ရိုက်မယ်လို့ ကြေညာထားပြီးမှ မရိုက်ဖြစ်သေးဘူးနော်။ ဘယ်လိုအခက်အခဲတွေ ရှိနေလို့လဲ။ STM : မနုစာရီကတော့ မရိုက်ဖြစ်သေးဘူး။ ဇာတ်ကားအတွက် လိုအပ်တဲ့ ဆက်တင်တွေကို ပြင်နေတာကြောင့်လည်း ပါတယ်။ ညီမကလည်း ကားရိုက်တွေ လက်ခံထားပြီးသား ရှိနေတော့ မနုစာရီဇာတ်ကား အတွက်ကို အချိန်မပေးဖြစ်သေးတာကြောင့်လည်း ပါပါတယ်။ ဒီကားရိုက်ဖို့က ပြင်ဆင်စရာတွေ အရမ်းများတယ်။ အရမ်းလည်း တာဝန်ကြီးပါတယ်။ ရှေ့မှာဆိုလည်း ဒီကားကို ရိုက်မယ်ဆိုပြီး စီစဉ်ဖူးတဲ့လူတွေ Read more about သရုပ်ဆောင် ရွှေသမီးနှင့် တွေ့ဆုံခြင်း[…]

လူနှစ်ယောက်စီး မီနီရဟတ်ယာဉ် အောင်မြင်စွာ တီထွင်

လန်ဒန်၊ ဇွန် ၈ ချက်သမ္မတနိုင်ငံမှ ပညာရှင်တစ်ဦးသည် နှစ်ယောက်စီး အသေးစား မီနီရဟတ်ယာဉ် တစ်စီးကို တီထွင်နိုင်ခဲ့ပြီး ရဟတ်ယာဉ်နှင့် လေယာဉ်စွမ်းအင် နှစ်မျိုးဖြင့် ပျံသန်းပြနိုင်ခဲ့ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။ GyroDrive ဟု အမည်ပေးထားသော အသေးစား နှစ်ယောက်စီး ရဟတ်ယာဉ်လေးသည် ကောင်းကင်ပေါ် ပျံအတက်တွင် ရဟတ်ယာဉ်ကဲ့သို့ ဒေါင်လိုက်တက်သွားပြီး လေထဲတွင် ပန်ကာကို လှည့်ကာ လေယာဉ်အဖြစ် ရှေ့ဘက်ကို ဦးတည်ပျံသန်းနိုင်စေရန် တီထွင်ထားကြောင်း ယင်းသတင်းက ဆိုသည်။ အသေးစား နှစ်ယောက်စီး ယာဉ်သည် ၃၂၈ ပေ အမြင့်မှ တစ်နာရီလျှင် ၁၁၂ မိုင်နှုန်းဖြင့် လူနှစ်ယောက်ကို သယ်ယူနိုင်မည် ဖြစ်သောကြောင့် အမြန်ဆုံး ခရီးသည် ပို့ဆောင်ရေးများတွင် အသုံးပြုလာဖွယ် ရှိကြောင်း AFP တွင် Read more about လူနှစ်ယောက်စီး မီနီရဟတ်ယာဉ် အောင်မြင်စွာ တီထွင်[…]

ညဖက်မြန်မြန်အိပ်ပျော်စေဖို့ နည်းလမ်းများ

လူတော်တော်များများက ညဘက်တွေကိုနောက်ကျမှအိပ်ပျော်လို့ မနက်မထချင်ပဲထရတာ၊ နောက်ကျမှနိုးတာမျိုးတွေဖြစ်တတ်ပါတယ်။အဲဒီအခါကျရင် တစ်နေ့တာလုံးလေးလံထိုင်းမှိုင်းပြီးစိတ်လည်းကြည်မှာမဟုတ်ပါဘူး။အောက်ကနည်းလမ်းတွေအတိုင်းရှောင်သင့်တာ လုပ်သင့်တာတွေကိုလုပ်ပြီး စိတ်ကြည်လင်တဲ့မနက်ခင်းတွေကို ပိုင်ဆိုင်နိုင်ပါတယ်။ ၁။ မနက်တိုင်း ပုံမှန်ထချိန်ကိုထပါ။ ညဘက်ဘယ်အချိန်အိပ်လဲဆိုတာထက် မနက်တိုင်းပုံမှန်အချိန်ထဖို့က အရေးကြီးပါတယ်။အဲဒါက သင့်ရဲ့သွားလာလှုပ်ရှားမှုကို ပုံမှန်ဖြစ်စေဖို့ ကူညီပေးနိုင်ပါတယ်။မနက်အရမ်းအစောကြီးထလိုက်၊နောက်ကျမှထလိုက်ဆိုရင်တော့ တစ်နေ့တာလှုပ်ရှားမှုကိုအနှောင့်အယှက်ဖြစ်စေပါတယ်။ ၂။ တကယ်အရမ်းပင်ပန်းပြီးအိပ်ချင်နေတဲ့အချိန်ကျမှ အိပ်ရာဝင်ပါ။ မအိပ်ချင်သေးရင် အိပ်ရာထဲမဝင်ပါနဲ့။ တစ်နေ့လုံးလုပ်ခဲ့တာတွေကို ပြန်စဉ်းစားမိပြီး အိပ်ပျော်မှာမဟုတ်ပါဘူး။ အိပ်ခါနီး ဘာကိုမှမတွေးပါနဲ့။ ၃။ တခြားလုပ်စရာရှိတာတွေအရင်လုပ်ပါ။ ဥပမာ စာအုပ်ဖတ်တာမျိုး၊ မိသားစုနဲု့စကားပြောတာမျိုး လုပ်ပါ။မအိပ်ချင်သေးပဲ အခန်းထဲမှာလှဲပြီးမနေပါနဲ့။ ၄။ မအိပ်ခင်လေ့ကျင့်ခန်းလုပ်ပါ။ ညနေစောင်း ၆ နာရီ လောက်လေ့ကျင့်ခန်းအနည်းငယ်လုပ်ပါ။ အိပ်ချိန်နဲ့အရမ်းနီးတဲ့အချိန်မလုပ်ပါနဲ့။အဲ့ဒါက ပိုပြီးအိပ်မပျော်စေပါဘူး။ ၅။ အိပ်ခန်းထဲမှာ မီးအလင်းရောင်ကိုလျှော့ထားပါ။ ဖုန်းတွေမသုံးပါနဲ့။ ဖြစ်နိုင်ရင် လျှပ်စစ်ပစ္စည်းတွေမသုံးပါနဲ့။ အခန်းမီးပိတ်ထားရင် ပိုကောင်းပါတယ်။ ၆။ ညနေဘက် ဒါမှမဟုတ် အိပ်ခါနီး Read more about ညဖက်မြန်မြန်အိပ်ပျော်စေဖို့ နည်းလမ်းများ[…]

သူများကို ကူညီစရာ မလိုတော့တဲ့အချိန်ကျရင် ကိုယ့်ကိုကိုယ် ပြန်ကူညီမယ် (မခင်နှင်းကြည်သာ)

တစ်ကိုယ်တော် ပရဟိတသမားများ ကွန်ရက်ကို စတင်တည်ထောင်ခဲ့တဲ့သူ၊ လတ်တလောမှာ လူသူအရောက်အပေါက် နည်းပြီးတော့ မဖွံ့ဖြိုးသေးတဲ့ဒေသတွေကို လိုက်လံကူညီပေးနေတဲ့သူ သူကတော့ တစ်ကိုယ်တော် ပရဟိတသမားများ ကွန်ရက်က မခင်နှင်းကြည်သာပါ။ သူမကို ချစ်ခင်တဲ့သူတွေကတော့ အေးချမ်းတဲ့ဘဝမှာ သူမကို မြင်ချင်ကြတယ်။ ဒါပေမယ့် သူမရဲ့ သဘောထားကတော့ ဘယ်လိုရှိမလဲ။ မခင်နှင်းကြည်သာ မင်္ဂလာပါရှင့်။ ဟုတ် မင်္ဂလာပါ။ ညီမတို့ရဲ့ YOPE အစီအစဉ်မှာ မေးခွန်း ငါးခု မေးသွားမှာပေါ့နော်။ ဒါကတော့ ပထမမေးခွန်းပါ။ အစ်မ ဟိုတစ်လောက သာသနာ့ဘောင်ထဲ ဝင်သွားတာနဲ့ ပတ်သက်ပြီးတော့ အစ်မကို ချစ်ခင်တဲ့သူတွေက အပြီးဝင်ဖို့ ပြောကြတယ်လေ အဲလိုမျိုး သာသနာ့ဘောင်မှာ အေးချမ်းမှုကို ရှာဖွေဖို့အတွက် အစ်မ ဘယ်လိုအရာတွေကို စွန့်လွှတ်ရသလဲ။ အဓိကကတော့ သံယောဇဉ်ကို စွန့်လွှတ်ရတာပေါ့။ သံယောဇဉ်တွေ Read more about သူများကို ကူညီစရာ မလိုတော့တဲ့အချိန်ကျရင် ကိုယ့်ကိုကိုယ် ပြန်ကူညီမယ် (မခင်နှင်းကြည်သာ)[…]

ဂျပန်ဘုရင် နန်းစွန့်မည့် အစီအစဉ် ပါလီမန် အတည်ပြု

ဇွန် ၉ ။ ။ အသက်အရွယ် ကြီးရင့်နေပြီဖြစ်တဲ့ ဂျပန်ဘုရင် အကီဟီတို ထီးနန့်စွန့်နိုင်ရန် လိုအပ်သည့် ဥပဒေတစ်ရပ်ကို ဇွန်လ ၉ ရက်က ပါလီမန်လွှတ်တော်က အတည်ပြုပေးလိုက်ပြီ ဖြစ်သည်။ ယင်းအတွက်ကြောင့် ဘုရင် အကီဟီတိုအနေဖြင့် နှစ်ပေါင်း ၂၀၀ ကျော်အတွင်း ပထမဆုံးသော နန်းစွန့်ဘုရင်အဖြစ် မှတ်တမ်းဝင်လာရန် နီးစပ်လာနေပြီဖြစ်သည်။ သက်တော် ၈၃ နှစ်ရှိ ဘုရင် အကီဟီတိုက ၎င်းအနေဖြင့် လက်ရှိ အသက်အရွယ်နှင့် ကျန်းမာရေးအခြေအနေကြောင့် သားတော်ဖြစ်သူ အိမ်ရှေ့စံ နာရူဟီတိုကို ထီးနန်းလွှဲပြောင်းပေးချင်နေပြီဖြစ်ကြောင်း ထုတ်ပြောခဲ့သဖြင့် တစ်နိုင်ငံလုံး အံ့အားသင့်ခဲ့ကြရသည်။ သို့သော် ယင်းနိုင်ငံတွင် ထိုကဲ့သို့ အင်ပါယာဘုရင်တစ်ပါးအတွက် ထီးနန်းစွန့်နိုင်မည့် ဥပဒေ ရှိမနေခဲ့သည့်အတွက် မျှော်လင့်မထားဘဲ ပေါ်ပေါက်လာခဲ့သည့် ယခုကိစ္စတွင် ခက်ခဲနေခဲ့ရခြင်းလည်း ဖြစ်သည်။ Read more about ဂျပန်ဘုရင် နန်းစွန့်မည့် အစီအစဉ် ပါလီမန် အတည်ပြု[…]

Luxury Brand Model 2017 ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မော်ဒယ် ခင်ကိုကို ရွေးချယ်ခံရ

ရန်ကုန် ၊ ဇွန် ၉ ။ ။ တောင်ကိုးရီးယားနိုင်ငံတွင် ဇွန်လ ဂရက်၌ ကျင်းပ ပြုလုပ်ခဲ့သည့် Luxury Brand Model 2017 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြုအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မော်ဒယ် ခင်ကိုကို မှ 1st runner up အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသည်။ Luxury Brand Model 2017 ဆုကို ဗီယက်နမ်နိုင်ငံ မှ Jenny Le Nguyen မှ ဆွတ်ခူး ရရှိခဲ့ပြီး 1st runner up ကို ရုရှားနိုင်ငံမှ အလှမယ် နှင့် မြန်မာနိုင်ငံမှ ခင်ကိုကို တို့က ရရှိခဲ့ပြီး 2nd runner up Read more about Luxury Brand Model 2017 ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မော်ဒယ် ခင်ကိုကို ရွေးချယ်ခံရ[…]