သေဆုံးသူများနှင့် ပျောက်ဆုံးသူများအတွက် ဝမ်းနည်းကြောင်း ပြည်ထောင်စုလွတ်တော်တွင် နှစ်မိနစ် ငြိမ်သက်

ဇွန်လ ၉ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော်၌ တပ်မတော်လေယာဉ် Y-8 မတော်တဆမှုကြောင့် သေဆုံးခဲ့သူများအတွက် အထူးဝမ်းနည်းကြေကွဲကြောင်း အရေးကြီးအဆို တင်သွင်းခဲ့ကာ ဝမ်းနည်းကြောင်း နှစ်မိနစ် ငြိမ်သက်သော အစီအစဉ်ကို ပြုလုပ်ခဲ့သည်။ တင်သွင်းသူမှာ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်မှ NLD လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးလင်းဖြစ်ပြီး ထောက်ခံသူမှာ စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် USDP ပါတီဝင် ဦးမောင်မြင့် ဖြစ်ကြောင်း သိရသည်။ ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက … comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။

နာမည်ကြီး ပုဒ်မ ၆၆(ဃ) အား လွှတ်တော်တွင် မကြာခင် ဆွေးနွေးဖွယ် ရှိနေ

နေပြည်တော်(ဇွန် ၉ရက်၊ ၂၀၁ရခုနှစ်)။ ။ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နှင့်ပတ်သက်ပြီး လွှတ်တော်တွင် အများစုနေရာရထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ လွှတ်တော်အမတ်တစ်ဦးက လွှတ်တော်တွင် မေးခွန်းမေးမြန်းရန် (၂)ကြိမ်တိုင်တိုင် ကြိုးပမ်းခဲ့သော်လည်း ပါတီစိစစ်ရေးအဖွဲ့၏ ခွင့်ပြုချက်မရသဖြင့် အထမမြောက် ဖြစ်ခဲ့ရသည်။ NLD အမတ်များသည် လွှတ်တော်တွင် မေးမြန်းမည့် မေးခွန်းနှင့် တင်သွင်းမည့် အဆိုများကို ပါတီ၏ စိစစ်ရေးအဖွဲ့ထံ ကနဦး တင်ပြရခြင်းဖြစ်ပြီး အဖွဲ့၏ ခွင့်ပြုချက်ဖြင့် မေးမြန်း၊ တင်သွင်းကြရခြင်း ဖြစ်သည်။ “ခနလေး ဆိုင်းငံ့ထားပါ။ ဒါကို မမေးပါနဲ့၊ အဲ့လိုပြောတယ်။ မေးခွန်းမေးတာ နှစ်ကြိမ်ရှိပြီ။ စတုတ္ထ(ပုံမှန်လွှတ်တော်အစည်းအဝေး)အကြိမ်တုန်းက တစ်ကြိမ်၊ အခု ပဉ်စမ တစ်ကြိမ်” ဟု ၆၆(ဃ)နှင့်ပတ်သက်ပြီး လွှတ်တော်တွင် မေးခွန်းမေးမြန်းရန် ကြိုးပမ်းသော်လည်း အထမမြောက်သေးသည့် အခြေအနေကို စစ်ကိုင်းတိုင်း၊ မဲဆန္ဒနယ်အမှတ်(၅)မှ Read more about နာမည်ကြီး ပုဒ်မ ၆၆(ဃ) အား လွှတ်တော်တွင် မကြာခင် ဆွေးနွေးဖွယ် ရှိနေ[…]